Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Ruijie Cloud ထဲက Captive Portal Advanced Setting ထဲမှာ
TTL Rule ဆိုပြီးတော့ feature အသစ်တစ်ခုပါလာခဲ့ပါပြီ။

လက်ရှိမှာတော့ အဲ့ဒီ feature ကို FIREWALL ပါတဲ့ devices တွေမှာသာ အလုပ်လုပ်ပါသေးတယ် ( ဥပမာ NBR Series .... )

ရေးထားတဲ့ description အရတော့
Authorized မရထားတဲ့ ထပ်ဆင့်လွင့် wifi မှာ ချိတ်သုံးတဲ့ ဖုန်းတွေကို
အင်တာနက်သုံးမရအောင်ဆိုပြီးတော့ပါ။

Gateway ထဲက ttl rule ပုံစံမျိုးပါပဲ။

NBR သုံးနေတဲ့သူတွေဆိုရင်တော့ စမ်းကြည့်နိုင်ပါပြီ။

Gateway တွေအတွက်ပါ cloud ကနေ အခုလိုမျိုးပါလာရင်တော့
Hotspot share သုံးနေတာကို ပိတ်ဖို့အတွက် အတွက်
app ကနေပဲ ခလုတ်လေးနဲ့ ပိတ်လိုက်လို့ရသွားမှာဖြစ်ပါတယ်။

#ruijievouchermanager#timeCodeManager
#ruijie
Voucher Code အသစ်ထုတ်တာ/ Voucher Code ဖျက်တာတွေ
Ruijie cloud ဘက်က error ကြောင့် အချိန်ကြာပြီး error တက်တာတွေ
ပိုပိုဆိုးလာပါတယ်။
အရင်က ည ၆ နာရီနဲ့ ၈ ခွဲလောက်ထိပဲဖြစ်ရာကနေ
အခု နေ့လယ်တွေမှာပါ ကြုံလာရပါပြီ။
အခု video ကတော့ လက်ရှိ code အသစ်ထုတ် ကြာနေတာကို
သေချာ video နဲ့ record လုပ်ပြထားတာပါ။
Ruijie Cloud ဘက်ကဖြစ်တဲ့ error မို့
Ruijie Cloud ကနေပဲ voucher code ထုတ်ဖို့ ချိတ်ဆက်ထားရတဲ့
ကျွန်တော်တို့ Time Code Manager App မှာလည်း ကြာပြီးတော့
Error တွေ ဖြစ်ကိုဖြစ်နေပါတယ်။
လက်ရှိမှာတော့ ကိုယ်တိုင်ဖြေရှင်းလို့မရတဲ့ ပြသနာပါ။
Ruijie ဘက်ကပဲ ပြင်ပေးလာမှ အရင်လိုပြန်ကောင်းနိုင်မှာဖြစ်ပါတယ်။
မြန်မြန်ပြန်ပြင်ဖို့အတွက်ကတော့
Ruijie စက် customer တွေ report များများတင်မှပဲအဆင်ပြေမယ်ထင်ပါတယ်။
လက်ရှိကိုယ့်ဘက်လုပ်လို့ရမယ့်နည်းလေးတော့
video ထဲမှာ ပြောပြပေးထားပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
#ruijievouchermanager#timeCodeManager
#ruijie

https://www.facebook.com/share/v/1BQNxmA5Ee/
Voucher Code အသစ်တွေ Generate လုပ်ရင်
အရမ်းကြာတဲ့ error ဖြစ်နေပါတယ်။


Time Code Manager သုံးနေတဲ့သူတွေက ကျွန်တော်တို့ App ကကြာတယ်ထင်နေကြမှာဆိုးလို့
သေချာသိရအောင် Ruijie Cloud မှာ Generate လုပ်စမ်းပြထားပါတယ်။

10 Code လေးပဲထုတ်တာပါ။
အဝိုင်းပဲလည်နေပြီး success မဖြစ်သွားပါဘူး။
သို့ပေမယ့် ခဏနေရင်တော့ code အသစ်တွေ ရောက်နေတာ တွေ့ရပါတယ်။

အခုလို code အသစ်ထုတ်တာ၊ ဖျက်တာတွေ ကြာနေတာကို
ကျွန်တော် သတိထားမိတာ ၁ ပတ်လောက်တော့ရှိနေပြီ။
အဖြစ်အများဆုံးအချိန်က ည ၇ နာရီလောက်ကနေ ၈ ခွဲ ၉ နာရီအတွင်းပါ။

အခုတော့ နေ့လယ်ပိုင်းတွေမှာပါ သိသာလာပါပြီ။

-------
Ruijie ဘက်ကဖြစ်တာမို့ သူတို့ဘက်က ဖြေရှင်းပြီးသွားရင်တော့ သူ့အလိုလိုပြန်ကောင်းသွားမှာပါ။

ကျွန်တော်တို့က Ruijie Company နဲ့တော့ ဘာမှမသက်ဆိုင်ဘူးဆိုပေမယ့်
Ruijie နဲ့ပါတ်သက်တဲ့ error တွေကိုတော့ 
အကျိုးအကြောင်း အရင်ဆုံးတင်ပေးနိုင်အောင်တော့ 
ကြိုးစားပေးဖြစ်ပါတယ်။


#timecodemanager #ruijie
Ruijie Gateway တွေမှာ VPN နဲ့ကျော်သုံးခံရတာကို ပိတ်ဖို့အတွက်
အရင်လို Browser တွေဖွင့်၊ EWeb ကနေဝင်ပြီး
အဆင့်တွေအများကြီးနဲ့ သွားပြီးလုပ်ရတာမျိုးထိ အလုပ်မရှုပ်တော့ပါဘူး။

နောက်ထွက်လာမယ့် Time Code Manager Update မှာ
ခလုတ်တစ်ချက်နှိပ်ရုံနဲ့
"HTTP injection attack prevention" ကို
လွယ်လွယ်ကူကူ ဖွင့်/ပိတ် လုပ်နိုင်တော့မှာဖြစ်ပါတယ်။

( လက်ရှိမှာတော့ RG-EG105G Gateway တွေမှာ
စမ်းသပ်ပြီးသားဖြစ်ပါတယ် )

စမ်းပြထားတဲ့ video လေးကို
https://www.youtube.com/watch?v=0bBmS5FQexA
မှာသွားရောက်ကြည့်ရှုနိုင်ပါသည်။

--------------
telegram channel : https://t.me/ruijievouchermanager
tiktok : https://www.tiktok.com/@ruijievouchermanager
#ruijievouchermanager
#timecodemanager #ruijie
Expired သုံးပြီးသား Code တွေကို
အရင်က Group တစ်ခုချင်းစီဝင်ပြီးတော့
တကြိမ်ကို Code 100 Delete လုပ်ရတယ်။

( Official App ကတော့ ဇယားကွက်ထဲကနေ တစ်ခုချင်းပဲ ဖျက်လို့ရပါသေးတယ်။ )



အခု Ruijie Voucher Manager ( Time Code Manager )
ဗားရှင်း Update မှာတော့
"သက်တမ်းကုန်" ဆိုတဲ့ နေရာလေးကို
ကြာကြာလေးဖိထားလိုက်ရင်
Expired Code တွေကို
- ၁ ကြိမ်နှိပ် Code 100 နှုန်းနဲ့ အလျင်အမြန်
ဖျက်လို့ရသွားပါပြီ။


#ruijieVoucherManager
#timeCodeManager
#ruijie
ဒီနောက်ပိုင်း Ruijie ရဲ့ Client List မှာ 0 ဖြစ်တဲ့ Account တွေ တော်တော်များများကြုံတွေ့လာရပါတယ်။
ရှေ့လတွေတုန်းကရင်း ကြုံနေရပေမယ့်
ဒီလမှာတော့ သိသိသာသာ ပိုဖြစ်လာပါတယ်။

ကျွန်တော်တို့ Ruijie Voucher Manager ( Time Code Manager ) App ရဲ့
Connected Devices မှာ အကယ်လို့ "ချိတ်ဆက်ထားသော Device များမရှိပါ" လိုပြနေခဲ့လျှင်
Ruijie ဘက်က error ဟုတ်/မဟုတ်ကို
Ruijie Reyee Official App ထဲမှာ Clients တွေ ပေါ်သေးလား စစ်ကြည့်ပေးပါ။

အကယ်လို့ Ruijie Reyee Official App ရဲ့ clients မှာပါ 0 ဖြစ်နေရင်တော့
ကျွန်တော်တို့ Ruijie Voucher Manager ( Time Code Manager ) App မှာလည်း ချိတ်ဆက်ထားတော့ device များမရှိသေးပါဆိုပြီး ပြမှာပဲဖြစ်ပါတယ်။

အထက်ပါ Error ကြုံလာရရင်တော့ Ruijie ရဲ့ သက်ဆိုင်ရာ Official Support ဒါမှမဟုတ် Ruijie Service ဘက်ကို အကျိုးအကြောင်းပြောပြပြီး complain လုပ်ကြည့်ပါ။

Connect Device ( Client ) မှာ စက်အရေအတွက်မပေါ်ရင်
VPN ကျော်သုံးနေတာရော၊ ချိတ်သုံးနေတဲ့သူ အရေအတွက်တွေပါ ကြည့်လို့မရတဲ့အတွက်
တော်တော်ကို ဒုက္ခရောက်တာမို့ပါ။

#ruijieVoucherManager
#ruijie #cloud #portal #captive
Ruijie Voucher Manager က ဘယ်စက်တွေနဲ့ ချိတ်သုံးလို့ရတာလဲ ?
-------------------
တကယ်က ကျွန်တော်တို့ Ruijie Voucher Manager က စက်တွေနဲ့
တိုက်ရိုက်ချိတ်သုံးတာမဟုတ်ပါဘူး။

Ruijie Reyee Official App နဲ့ voucher code system သုံးနေတဲ့
"Ruijie Account" နဲ့ ဝင်ပြီးသုံးရတာဖြစ်ပါတယ်။

ထို့အတွက် Ruijie Reyee App နဲ့ voucher code system သုံးနေတာမျိုးမဟုတ်ဘူးဆိုရင်
ကျွန်တော်တို့ Ruijie Voucher Manager လည်း သုံးလို့ရမှာမဟုတ်ပါဘူး။

ပြီးတော့ နာရီတွေဖြတ်ပေးတာတွေက ကျွန်တော်တို့ Ruijie Voucher Manager App ကလုပ်ပေးတာမဟုတ်ပါဘူး။

ကျွန်တော်တို့ App က ရိုးရှင်းပါတယ်။

Ruijie Cloud မှာ နာရီကုဒ်ထုတ်ထားတဲ့ data တွေကို
Printer နဲ့ ချိတ်ပြီး အလွယ်တကူ Print ထုတ်ပေးတာကိုလုပ်ပေးတဲ့
ကြားခံ App လေးတစ်ခုပဲဖြစ်ပါတယ်။


#ruijievouchermanager #ruijie
Media is too big
VIEW IN TELEGRAM
Gateway တော့ Gateway ပဲ ၊
ဒါပေမယ့် အမဲရောင် Gateway က Free VPN နဲ့ ကျော်သုံး ( Free သုံး ) လို့ ရပြီး
အဖြူရောင်နဲ့ Gateway ကတော့ လက်ရှိ တော်ရုံ VPN နဲ့ ကျော်သုံးလို့မရသေးပါဘူး။


အဖြူရောင်ကတော့ Ubiquiti ရဲ့ Unifi Cloud Gateway ဖြစ်ပါတယ်

MikroTik တွေလည်း VPN နဲ့ကျော်သုံးဖို့မလွယ်သေးပါဘူး

သို့ပေမယ့်
အကုန်လုံးကတော့ Hotspot Sharing ( QR Share ) ကို လုံး၀ပိတ်လို့မရပါဘူးဗျာ။

#ruijie
#ruijieVoucherManager
#unifi
#mikrotik
Ruijie Cloud Captive Portal တွေက VPN ကျော်တဲ့ဒဏ်ကို အခုထိ ခံနေရတုန်းပါပဲ။
Cloud Portal ဖြစ်တဲ့အတွက် အပေါက်က အမြဲရှိနေဦးမှာဖြစ်ပါတယ်။

အခု Screenshot ကတော့ အသိမိတ်ဆွေတစ်ယောက်လာပြလို့ ခွင့်တောင်းပြီး တင်လိုက်တာပါ။
HTTP Inject နည်းနဲ့က လုံး၀ကို ပွင့်နေပါသေးတယ်။
ပိုဆိုးတာက အခု HTTP Inject ကိုမှ Shadowsocks နဲ့သုံးထားတာဆိုတော့
ကျော်သုံးတဲ့ဖုန်းက Hotspot ပါထပ်လွင့်လိုက်ပြီး
ကျန်တဲ့ဖုန်းတွေက သူ့ proxy port ကို ချိတ်လိုက်တာနဲ့ TTL Rule ကလည်း ဘာမှ မတတ်နိုင်တော့ဘူးဖြစ်သွားပါတယ်။
VPN နဲ့ကျော်သုံးတာကိုလည်း လုံး၀ပိတ်လို့မရသေးပေမယ့်
Ruijie Cloud Web ကနေ Client တွေကို အမြဲထိုင်ပြီးစစ်နိုင်မယ်ဆိုရင်တော့
VPN ကျော်သုံးလာတဲ့ဖုန်းတွေကို Block လုပ်လို့ရနိင်ပါတယ်
ပြီးတော့ ကျွန်တော်တို့ Voucher Manager App မှာလည်း
ဘောက်ချာကုဒ်တွေကို Print ထုတ်ဖို့အဓိကဆိုပေမယ့်
App ဝယ်သုံးတဲ့သူတွေအတွက် အဆင်ပြေအောင် VPN ကျော်သုံးတဲ့ ဖုန်းတွေကို စစ်ပေးနိုင်တဲ့ function လေးပေါင်းထည့်ပေးထားပါတယ်
အဲ့ဒီ function ကနေပြီးလည်း အလွယ်တကူ ဖုန်းထဲကနေ Block လုပ်နိုင်ပါတယ်။
#ruijieVoucherManager
#ruijie #voucher
ကျွန်တော်တို့ Printer နဲ့ App ကို လာဝယ်တဲ့အချိန်
Gateway တွေနဲ့ ဘယ်လိုချိတ်သုံးရတာလဲဆိုပြီး အမေးများပါတယ်။

တကယ်ကတော့ စက်နဲ့ တိုက်ရိုက်ချိတ်တာမဟုတ်ပဲ
Ruijie Reyee Cloud Account နဲ့ ဝင်သုံးရတာမျိုးဖြစ်ပါတယ်။

Video ထဲမှာ ရှင်းပြပေးထားပါတယ်ဗျ

#ruijie
#ruijieVoucherManager
Voucher Code တွေကိုပဲ သီးသန့် ရချင်တဲ့သူတွေအတွက်
-------------------------
ဘောက်ချာကုဒ်တွေကို Printer အသေးနဲ့ Print မထုတ်ချင်ပဲ
- ကွန်ပျူတာနဲ့သုံးပြီး A4 စာရွက်တွေလိုမျိုးမှာ ကိုယ်တိုင်စီပြီး Print ထုတ်ချင်တဲ့သူတွေအတွက်ရော
- ကိုယ်က Project ထိန်းပေးထားရပြီး တစ်ဖက်ကို code တွေပဲ သီးသန့် ပို့ပေးချင်သူတွေအတွက်
Voucher Code သီးသန့် Export လုပ်ပေးတဲ့ function လေး update မှာ ထပ်တိုးပေးလာမှာဖြစ်ပါတယ်

Ruijie Cloud Web မှာလည်း csv export function ပါပေမယ့်
ရှိသမျှ code တွေကို export လုပ်တာမျိုးပဲရှိသေးတဲ့အပြင်
သုံးပြီးသား/ မသုံးရသေးတဲ့ code တွေပါ အကုန်ရောနေပြီး
Policy Group တွေလည်းရောနေတော့ ခွဲရခက်ပါတယ်

အခု Export Function ကတော့ ကိုယ် export လုပ်ချင်တဲ့ group ထဲက
မသုံးရသေးတဲ့ code တွေသီးသန့် လုပ်ပေးတာဖြစ်လို့ group တွေရောနေမှာမျိုးမပူရပါဘူး။
ပြီးတော့ code တွေပဲသီးသန့် copy လုပ်ပေးတာမို့
မိမိစိတ်ကြိုက် print software တစ်ခုမှာ code တွေစီပြီးတော့လည်း Printer အကြီးတွေနဲ့ A4 တစ်ရွက်မှာ code တွေအများကြီးဆန့်အောင် print ထုတ်လို့ရသွားပါတယ်။



#ruijievouchermanager #ruijie
Media is too big
VIEW IN TELEGRAM
ကျွန်တော်တို့ Ruijie Voucher Manager 1.5 Vesion မှာ
ဘောက်ချာကုဒ်တွေကို မထပ်အောင် ( Expired မဖြစ်အောင် ) Print ထုတ်နည်းလေးပါ။
Print ထုတ်တိုင်း အခုနည်းလေးကိုအသုံးပြုပေးပါ။
အခုနည်းနဲ့ဆိုရင် အရေအတွက်လည်း ကိုယ့်စိတ်ကြိုက်ထုတ်လို့ရတဲ့အတွက်
၁ ခုကနေ ၂၀၀ အထိ ကိုယ်အဆင်ပြေသလို ထုတ်လို့ရသွားပါတယ်။
ပြီးတော့ လိုမှပဲ ထုတ်မှာဖြစ်တဲ့အတွက် ကြိုထုတ်ထားရတဲ့ ပြသနာတွေလည်း ကင်းဝေးသွားပါမည်။

https://www.facebook.com/share/p/1FemGaucWu/

#ruijievouchermanager
#guide
#printer #pos #ruijie
Ruijie Voucher Manager Android App
၁ သိန်းကျပ်

#ruijie
#ruijieVoucherManager
Ruijie Voucher Manager နဲ့ တွဲရောင်းမယ့် နောက်ထပ် Printer Model တစ်မျိုး
×××××
Printer + Ruijie Voucher Manager App တွဲရက် - ၂ သိန်းကျပ်
Printer သီးသန့် - ၁ သိန်း ၄ သောင်းကျပ်
Ruijie Voucher Manager App သီးသန့် - ၁ သိန်းကျပ်
57x40mm စက္ကူလိပ် ၁ လိပ် - ၁၅၀၀ ကျပ်
( အလိပ် ၁၀၀ ပါ ၁ ဖာစျေး သီးသန့်ရှိပါသည် )
×××××
#ruijievouchermanager
#ruijie
#wifi
#posPrinter
Media is too big
VIEW IN TELEGRAM
Ruijie Voucher Code တွေကို
ဖုန်းကနေ Print ထုတ်ဖို့အတွက်
၂ လက်မဆိုဒ် Portable Printer နောက်တစ်မျိုးကိုစမ်းသပ်ထားတာပါ

မကြာခင်ဝယ်ယူလို့ရပါမည်

အခု Printer ရဲ့ အားသာချက်ကတော့
18650 Battery သုံးထားတဲ့အတွက်
Battery အလွယ်တစ်ကူဝယ်ယူနိုင်ပါသည်

အရှေ့မှာရောင်းပေးနေတဲ့ Printer တွေထက်တော့ Printing Speed အနည်းငယ်လေးနှေးပါတယ်။

#ruijieVoucherManager
#ruijie
ဒီတစ်ခေါက် Printer တွေကို အခုပုံစံထဲကလိုမျိုး
၂ မျိုးရွေးချယ်ဝယ်ယူနိုင်ပါပြီ
မကြာခင်မှာလည်း နောက်ထပ် တစ်မျိုးထပ်လာပါဦးမည်။

Printer + Ruijie Voucher Manager App = 200,000 ကျပ် ( မူရင်းစျေး 240,000 ) ကျပ် ဖြင့် ဝယ်ယူနိုင်ပါဦးမည်

App သီးသန့်ဝယ်လိုပါကလည်း ၁ သိန်းကျပ်ဖြင့် ဝယ်ယူနိုင်ပါသည်

Printer နှင့်တွဲသုံးသည့် စက္ကူလိပ် ၁ လိပ်ကို ၁၅၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်ပါသည်

#ruijievouchermanager
#ruijie
Hotspot Share တာ တကယ်ပိတ်လို့ရလား ?
==================
Ruijie Gateway ခံထားရင်
TTL Rule ကို 1 ထားတာနဲ့ သာမာန် Hotspot Share လုပ်တာတွေကို တားစီးနိုင်ပါတယ်

ဒါပေမယ့် အခု ပုံထဲက Android Proxy Server လေးကို Hotspot Share လုပ်တဲ့ ဖုန်းမှာသာ Run လိုက်မယ်ဆိုရင်
TTL Rule 1 နဲ့ Hotspot ပိတ်နိုင်ပါတယ်ဆိုတဲ့ Gateway တွေလည်း ဘာမှ မတတ်နိုင်တော့ပါဘူး
( အခြား method တွေလည်းရှိပါသေးတယ်၊ ဒါက အလွယ်ဆုံးမို့ပါ )


ဆိုလိုတာက Hotspot Share တာကို 100% လုံး၀ ပိတ်လို့မရနိုင်သေးပါဘူး၊

Hotspot Share လို့ရသွားတာက ၁ နာရီလောက်သုံးတဲ့သူတွေမှာ မသိသာပေမယ့်
လစဉ်ကြေးနဲ့ ပေးသုံးနေတဲ့ဆိုင်တွေသာဆိုရင်
wifi router တစ်ခု ခံပြီးတော့
ကိုယ့် အင်တာနက်လိုင်းကိုသုံးပြီး
သူတို့ကိုယ်တိုင် ပိုက်ဆံတောင် ထပ်ရှာလို့ရသွားမှာ
ပါ


ကျော်သုံလို့ရတာသိပြီဆိုတော့
ပိတ်လို့ရတဲ့နည်းလေးတွေ ဝိုင်းရှာဖို့အတွက်
အခု Post လေးတင်ပေးလိုက်တာပါ

( ကျနော့်အမြင်အရတော့ 100% ပိတ်နိုင်ဖို့တော့ မလွယ်သေးပါဘူး၊ ပိတ်လို့ရသွားရင်တော့ ပိုကောင်းတာပေါ့ )

#ruijie
#ruijieVoucherManager

ွှ
Hello , Ruijie Voucher Manager ရဲ့ နောက်ထပ်လာမယ့် Update မှာ
- VPN ကျော်သုံးနေတဲ့ device ကို ပိုပြီးစစ်နိုင်အောင် လုပ်ပေးနေပါတယ်။

ပြီးတော့ အခုပုံထဲကအတိုင်း Connected Device ( ချိတ်ထားတဲ့ Device ) တွေထဲမှာ
ဘယ်ရဲ့ device ကတော့ ဘယ် time code ကို ထည့်သုံးထဲလဲဆိုတာကို ဖော်ပြပေးမှာဖြစ်ပြီး
ဘယ်နှစ်နာရီကနေ စသုံးပြီး၊ ကုန်ဆုံးမယ့်အချိန်ကိုပါ ပြပေးမှာဖြစ်ပါတယ်။
( Ruijie Backend ဘက်ကပေးတဲ့ info ကိုသာ စစ်ဆေးပြီး ဖော်ပြပေးရတာဖြစ်တဲ့အတွက်မို့လို့ ruijie ဘက်က realtime မဖြစ်တဲ့အတွက် တစ်ချို့ info လေးတွေက update မဖြစ်တာမျိုးတွေရှိပါတယ်။ )
ဥပမာ - ကိုယ့်စီမှာ သုံးတဲ့သူတွေက မရှိတော့ဘူး၊ ဒါပေမယ့် အသုံးပြုနေဆဲ code တွေက ရှိနေတယ်ပြနေတာမျိုး၊ 
ဒါကတော့ ruijie cloud ရယ်၊ သူတို့စက်တွေရဲ့ အားနည်းချက်ပါ။ Data တွေကို realtime မဖော်ပြပေးနိုင်ပါဘူး။ အဲ့အတွက် ကျနော်တို့ app သည်လည်း
ruijie data ကိုသာမှီခိုရတာဖြစ်တဲ့အတွက် info အမှန်တော့ရနိုင်မှာမဟုတ်သေးပါကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျ။


( မကြာခင် App ကို လစဉ်ကြေးပုံစံနဲ့လုပ်ပေးသွားဖို့ရှိပါတယ်၊
အရင်ဝယ်ထားတဲ့သူတွေကတော့ လစဉ်ကြေးမလိုပဲ အမြဲတမ်းသုံးလို့ရနေမှာပါ။ )


#ruijievouchermanager
#Ruijie
Reyee OS 320 Version လေး update ပေးနေတာတွေ့ပါတယ်
-----------
Portal Authentication Vulnerability အပေါက်လေးကို fix လုပ်ပေးထားတယ်ဆိုတော့
ကိုယ့်စက်မှာ Update လာပြနေရင် update လုပ်လိုက်ဖို့ တိုက်တွန်းပါတယ်
အနည်းဆုံးတော့ Portal ကျော်သုံးခံရတာ နည်းနည်းသက်သာသွားရင်ကို မဆိုးတော့ပါဘူး
.
အခု ဗားရှင်းအသစ်မှာလည် VPN ရယ် ( HTTP inject ) နဲ့ကျော်သုံးတာကတော့ ရနေတုန်းပါ
အရင်က Api နဲ့ bypass လုပ်ခဲ့တဲ့ဟာလောက်ပဲ fix သွားသေးတာပါ
အဲ့အတွက် VPN ကျော်သုံးထားတာတွေကို သိဖို့ဆိုရင်
Ruijie Voucher Manager App လေးက ကူညီပေးပါလိမ့်မယ်
ကျွန်တော်တို့ Ruijie Voucher Manager ထဲမှာ
VPN ကျော်သုံးထားတာတွေကို ရှာဖွေတွေ့ရှိရင် အလွယ်တကူ Block လုပ်နိုင်တဲ့ function လေး ပါပါတယ်။
( 100% တိတိကျကျ မရှာပေးနိုင်သေးပေမယ့်
ဘာမှလုပ်မရပဲ ဒီအတိုင်းထိုင်ကြည့်နေရတာထက်တော့ မဆိုးဘူးပေါ့ဗျာ။ )
#ruijievouchermanager
#ruijie
Print ထုတ်တဲ့ပုံစံ ၂ မျိုးပြောင်းလို့ရတဲ့
Ruijie Voucher Manager 1.4.2 Update လေး ရပါပြီ။
———————-
APK Download :
https://t.me/kaakaa2025/46
https://bit.ly/ruijieapp

Version 1.4.2 မှာပြောင်းလဲထားတဲ့ အရာလေးတွေကို
https://t.me/kaakaa2025/46 မှာဝင်ကြည့်နိုင်ပါသည်၊

မှတ်ချက်။     ။ ယခု Ruijie Voucher Manager Application သည် ruijie company ဖြင့် မသက်ဆိုင်ပါ။ Ruijie Cloud App က အချက်အလက်ပေါ်မှာမှီခိုပြီးသာ အသုံးပြုထားခြင်းဖြစ်ပါသည်။ ထို့အတွက် Ruijie Cloud App ဘက်က ပြင်ဆင်မှုကြီးကြီးမားမားပြုလုပ်သွားလျှင် ကျွန်တော်တို့ App သုံးမရခြင်းများ ကြုံတွေ့နိုင်ပါသည်။


#ruijie
 
 
Back to Top