Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
နောက်ထပ် Portal Voucher Code ဒီဇိုင်းအသစ် ၁၄ မျိုး ထပ်ပြီးပေါင်းထည့်ပေးထားပါတယ်။
https://timecodeweb.vercel.app/ ထဲက Theme ထဲမှာ
ဝင်ရောက်ကြည့်ရှူရွေးခြယ်နိုင်ပါသည်။

( လက်ရှိမှာတော့ design တွေကို ရောင်းချခြင်း၊ public ပေးခြင်းတွေမရှိသေးပါဘူး။ ကျွန်တော့်နား လစဉ်ဘေဆောင်နေတဲ့သူတွေအတွက်သာ လောလောဆယ် သုံးခွင့်ရဦးမှာဖြစ်ပါတယ်။
Public ထုတ်ပေးဖြစ်ရင် Post သီးသန့်တင်ပေးပါမည်။ )


------------
ပြီးတော့ တစ်ချို့ webview နိမ့်တဲ့ဖုန်တွေမှာ အလုံးပဲလည်နေပြီး
voucher code မတောင်းတဲ့ ပြသနာလေးတွေရှိပါတယ်။
သူ့ Original Theme မှာကအစ အဲ့ဒီပြသနာလေးရှိပါတယ်။

ထို့အတွက် ကျွန်တော် မူရင်း javascript code တွေကို စစ်ကြည့်ပြီးတော့
ဖုန်းအနိမ့်တွေမှာကအစ အဆင်ပြေအောင် ထပ်မံကြိုးစားပေးနေပါတယ်။

လက်ရှိ ကျွန်တော်လုပ်ထားတဲ့ Theme တွေကို အတတ်နိုင်ဆုံး
loading time အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးထားပါတယ်။

သို့ပေမယ့် Ruijie Cloud ဘက်က ဒီ customHtml က beta စမ်းသပ်အဆင့်သာဖြစ်သေးတာကြောင့် တစ်ချို့ဖုန်းတွေမှာ အဆင်မပြေတာမျိုးတော့ ရှိနေဦးမှာပါ။


#timeCodeManager
#ruijieVoucherManager
4m1IBbrF2t.gif
30.8 MB
များမကြာခင် Ruijie စက်သုံးနေတဲ့သူတွေအတွက်
ပိုပြီးတော့ နှောင့်ယှက်ခံရလာနိုင်တဲ့
starlink app ကနေ reboot/shutdown လုပ်ခံရမယ့်အရေးအတွက်
ဆေးနည်းလေး...



ကျွန်တော်တို့နား လစဉ် ဘေဆောင်တဲ့သူ​တွေအတွက် ....
Coming soon ....

-----
လူကြီးမင်းက Ruijie စက်တွေလဲသုံးနေတယ် 
Time Code Manager လဲဝယ်သုံးထားပြီး
ကျွန်တော်တို့နားမှာလဲ လစဉ်ဘေဆောင်နေတယ်ဆိုရင်တော့ 
ဒီလိုမျိုး feature တွေ အခမဲ့ သုံးခွင့်ရနေမှာပါ။


#timeCodeManager
#ruijieVoucherManager
Ruijie စက်ပိုင်ရှင်တွေအတွက် ခေါင်းခဲစရာတစ်ခု ပိုပြီးဆိုးလာပါတယ်။

အဲ့ဒါကတော့ ကိုယ့် wifi ကိုလာချိတ်ပြီးတာနဲ့
ချိတ်တဲ့သူက Starlink App လေးနဲ့ ကိုယ့်ရဲ့ စတားလင့်စက်ကို Reboot / Stow လုပ်လို့ရနေတာပါပဲ။
( Starlink Account တွေဝင်ထားစရာမလိုပဲကို လုပ်လို့ရနေတာပါ )


အဲ့လိုလာပြီးလုပ်တဲ့သူတွေများလာလေ
စက်က ပိတ်လိုက် ဖွင့်လိုက်နဲ့
လိုင်းတွေလဲ ကျ လိုက် တက်လာ လိုက်တွေ ကြုံတွေ့ရပါတော့တယ်။

အဲ့အတွက် ပိတ်လို့ရတဲ့ feature လေးကို မကြာခင်
App တစ်ခု ဒါမှမဟုတ် SVIP ထဲမှာ ပေါင်းထည့်ပေးဖို့ ကြိုးစားနေပါတယ်။

App သီးသန့်ထွက်လာခဲ့ရင်လဲ
ကျွန်တော်တို့နား လစဉ် Bill ဆောင်နေတဲ့သူတွေအတွက် ဦးစားပေး သုံးလို့ရမှာပဲဖြစ်ပါတယ်။

#timeCodeManager
#ruijieVoucherManager
❗️❗️❗️❗️

Bill ဆောင်စျေးနှုန်းများ အပြောင်းအလဲရှိထားပါသည်။

- အာဂျင်တီးနား - 380000

- ဂျပန် - 500000

- ဖိလစ်ပိုင် - 520000

လစဉ်ဘေဆောင်နေတဲ့သူတွေအတွက်
မိမိတို့ wifi မှာ လာချိတ်ပြီး
စတားလင့် App နဲ့ဝင်ပြီး reboot / shutdown ချခံရတာမျိုး လာနှောင့်ယှက်ခံရတာမျိုးတွေကို ကာကွယ်နိုင်မယ့် App ဒါမှမဟုတ် Service လေးလဲ
မကြာခင် ရရှိနိုင်ပါဦးမည်။



( Bill ဆောင်တဲ့သူတိုင်းအတွက် Time Code Manager မှာ SVIP Member အဖြစ်ရရှိဦးမှာဖြစ်ပါသည်။ )

Promotion ရသွားတဲ့သူတွေအတွက်ကတော့
ဖိလစ်ပိုင် / ဂျပန် - 420000 ပဲကျပါတော့မည်။
————-
ဘေဆောင်ရန်။
📱 https://fb.me/ruijieapp
📱 @mr_moonrider
Wifi ပြုတ်သွားလို့ ပြန်ချိတ်လိုက်ရင်
သုံးနေတဲ့ Voucher Code က အချိန်မပြည့်သေးပေမယ့်
Code ပြန်တောင်းတာမျိုး တော်တော်များများကြုံနေရပါတယ်။

အဓိကတော့ Ruijie Portal ရဲ့ authentication က
ချိတ်လာတဲ့ ဖုန်းရဲ့ Mac Address နဲ့
Voucher Code နဲ့ တွဲပြီး မှတ်သားတာဖြစ်ပါတယ်။

အခုနောက်ပိုင်းထွက်တဲ့ဖုန်းတွေမှာက Privacy / Security အတွက်
Random Mac Address ဆိုပြီးတော့ feature ပါဝင်လာပါတယ်။

အဲ့ဒီ Random Mac Address ကြောင့်
voucher code ပြန်တောင်းတဲ့ ပြသနာကြုံလာရတာပဲဖြစ်ပါတယ်။

ထိုပြသနာကိုဖြေရှင်းဖို့က Ruijie ဘက်ကနေပြင်ရမှာမဟုတ်ပဲ
ချိတ်သုံးမယ့် ဖုန်းတွေထဲက Wifi Setting ထဲမှာ
Use Device Mac Address ဆိုတာမျိုးကို
ပြောင်းပြီး ချိတ်ရမှာပဲဖြစ်ပါတယ်။

၁ ပတ်၊ ၁ လ ကုဒ်တွေ code ပြန်တောင်းတာ၊
Code ပြန်ထည့်တော့လည်း STA Limit ပြပြီး သုံးမရတာတွေအတွက်
ဒီနည်းအတိုင်းပဲ ချိတ်တဲ့ဖုန်းမှာ ပြောင်းပေးလိုက်ရင် အဆင်ပြေပါတယ်။

အခုပုံထဲကတော့ Android ဖုန်းတွေမှာ
Use Device Mac ပြောင်းနည်းလေးပါ။

ဖုန်းအမျိုးအစား တစ်ခုနဲ့တစ်ခုတော့ ကွဲလွဲမူရှိနိုင်ပါလိမ့်မယ်။

Comment ထဲမှာလဲ iPhone တွေအတွက် လုပ်နည်းလေးတင်ပေးထားပါ တယ်။
https://timecodeweb.vercel.app/?post=3663cda2-76bb-464b-83c8-35a86c13c84a

---------
App Page : https://bit.ly/ruijie-app-page
Tiktok : https://www.tiktok.com/@ruijievouchermanager/
Telegram : https://t.me/ruijievouchermanager
#timecodemanager
#ruijieVoucherManager
Ruijie စက်တွေ firmware update လုပ်ပြီး
ပြန်မပွင့်လာတော့ရင် ပြင်လို့ရပါပြီ။

#timeCodeManager
#ruijieVoucherManager
SVIP လို့မပြောတော့ပဲ
ကျွန်တော်တို့နား လစဉ် ဘေဆောင်နေတဲ့ Customer တွေအတွက်
Ruijie သုံးနေရင် မဖြစ်မနေ လုပ်ထားသင့်တဲ့
feature လေး Update မှာ ပါလာဖို့ရှိကြောင်း
အသိပေးလိုက်ရပါတယ်ခင်ဗျ။

#timeCodeManager
#ruijieVoucherManager
မကြာခင်မှာ နောက်ထပ်ရောင်းပေမယ့် App တွေမှာ
- ကျွန်တော်တို့နားကနေဝယ်ယူထားတဲ့ Printer တွေရယ်
- ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ Printer အရောင်းဆိုင်တွေက
ဝယ်ယူထားတဲံ့ Printer တွေနဲ့ပဲ
Time Code Manager နဲ့ ချိတ်ဆက်အသုံးပြုလို့ရတော့မှာဖြစ်ကြောင်း
အသိပေးလိုက်ရပါတယ်ခင်ဗျ။


( App သီးသန့်အတွက် ဝယ်ထားပြီး ငွေချေပြီးထားတဲ့ အကောင့်များအားလုံးကတော့ အရင်အတိုင်း ကြိုက်ရာ Printer နဲ့ ဆက်လက်အသုံးပြုလို့ရနေမှာဖြစ်ပါတယ်။ )


ရှေ့ ဗားရှင်းတုန်းကရင်း အဲ့ဒီ feature ကို ထည့်ခဲ့ပေမယ့်
အားလုံး ဘယ်နေရာကနေ ဝယ်ဝယ်အသုံးပြုလို့ရအောင်ဆိုပြီး
အဲ့ဒီ feature ကို မဖွင့်ခဲပါဘူး။

အခုတော့ နောက်ပိုင်း ဝယ်ယူမယ့် အကောင့်တွေမှာ
Print ထုတ်ဖို့အတွက်ဆိုရင်
- ကျွန်တော်တို့နားက ဝယ်ယူ/ရောင်းချထားတဲ့ Printer
- ကျွန်တော်တို့နဲ့ လက်တွဲထားတဲ့ Printer အရောင်းဆိုင်က
printer တွေနဲ့သာ ချိတ်ဆက်လို့ရတော့မှာဖြစ်ပါတယ်။

ထို့အကြောင့် ကျွန်တော်တို့နားကမဟုတ်ပဲ၊
အပြင်က Printer ဆိုင်တွေကနေ အများဝယ်ယူထားတဲ့ Printer တွေအတွက်
App ဝယ်ယူအသုံးပြုလိုပါက အရင်ဆုံး မိမိတို့ဝယ်ယူထားတဲ့ Printer ဆိုင်အမည်၊ ဘောက်ချာတစ်ခုခု ကြိုပြီး ပြောပေးပါ။
သို့မှသာ အဲ့ဒီ printer တွေနဲ့ သုံးလို့ရ / မရ အကြောင်းပြန်ပေးပါမည်။

( ကျွန်တော်တို့နဲ့ လက်မတွဲထားတဲ့ ဆိုင် ( သို့မဟုတ် ) blacklist ဖြစ်နေတဲ့ဆိုင်ရဲ့ Printer တွေဖြစ်နေပါက ကျွန်တော်တို့ App နဲ့အသုံးပြုလို့ရဖို့အတွက် မသေချာတော့ပါ။ )

( မိမိကိုယ်တိုင် အခြားဆိုင်ကနေ Printer ဝယ်ပြီးသုံးလိုပါကလည်း
မိမိဝယ်မည့်ဆိုင်ရဲ့ Printer နဲ့ချိတ်သုံးလို့အဆင်ပြေမပြေကိုလည်း
ကျွန်တော်တို့ထံကို လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။ )

#timecodemanager#ruijieVoucherManager
📣📣

Starlink ဘက်က တစ်ခုခုပြင်ဆင်တာမျိုးကြောင့်လားတော့ သေချာမသိပေမယ့်

လက်ရှိ Ruijie Original App ရယ်
Time Code Manager ရယ် Login ဝင်ရင် အလုံးပဲလည်နေတာ ကြုံရမှာပါ။

တစ်ချို့ပြောတာတော့ KBZPay ပါဝင်မရတော့ဘူးပြောပါတယ်။

လက်ရှိ ဖြေရှင်းနည်းကတော့ VPN တစ်ခုခု ခဏဖွင့်သုံးတာပါပဲ။


ဒီလိုမျိုးပြသနာ ကြာကြာဖြစ်လေ
ဘောက်ချာကုဒ်တောင်းတဲ့ နေရာတွေမှာ ပြသနာပိုကြီးလာနိုင်ပါတယ်။

အားလုံးပဲအဆင်ပြေကြပါစေ။

#timeCodeManager
#ruijieVoucherManager
Time Code Manager အတွက်
App Guide / Voucher Code Design တွေကြည့်ဖို့အတွက်
Web လေးတစ်ခုဖန်တီးပေးလိုက်ပါတယ်။
Portal Voucher Code တောင်းတဲ့ ဒီဇိုင်းတွေကို တစ်နေရာတည်းမှာ
ကြည့်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။
နောက်ထပ် အသစ်တိုးလာတိုင်း ယခု Web မှာ update လုပ်ပေးနေမှာပါ။

-------

ပြီးတော့ အခုနောက်ပိုင်း Ruijie စက်ပိုင်ရှင်တွေ ကြုံနေရတဲ့
ပြသနာလေးတွေရှိပါတယ်။
- တစ်ခုက Wifi လာသုံးတဲ့သူတွေက Starlink App ဝင်ပြီးတော့
Reset လုပ်တာခံရတာဖြစ်ပါတယ်။
အဲ့လို reset လုပ်ခံရရင် လိုင်းပါပိတ်သွားပါတယ်။
( ဒီအတွက် မကြာခင် App update မှာ ပိတ်တာလေး ထည့်ပေးလာပါမည်။)


- နောက်တစ်ခုကတော့ Ruijie Account Not Active ပြသနာပါ။
အဓိကအကြောင်းရင်းကတော့
Ruijie Account အသစ်လုပ်ပြီးရင် Activation Email ဝင်ပါတယ်။
အဲ့ဒီ Email ကနေဝင်ပြီးတော့ Account ကို Activate လုပ်ပေးရမှာပါ။
အကယ်လို့ မလုပ်ထားရင် ရက် ၃၀ ပြည့်တာနဲ့
အကောင့်က ဝင်မရဖြစ်သွားမှာပါ။

---------
Voucher Code တောင်းတဲ့ ဒီဇိုင်းတွေကိုကြည့်နိုင်မယ့် Web
https://bit.ly/ruijie-app-page ထဲဝင်ပြီး Theme ဆိုတဲ့ဝင်လိုက်ရင်
ကျွန်တော်တို့ Time Code Manager က ဖန်တီးထားတဲ့
ဒီဇိုင်းအလန်းတွေ ကျလာပါမယ်။


#timecodemanager
#ruijieVoucherManager
ဒီရက်ပိုင်း Voucher Code Login ဒီဇိုင်းလေးတွေ ထည့်ပေးရင်း
သတိထားမိတာလေးပါ။

Custom Html Feature က Ruijie Captive Portal ရဲ့ beta စမ်းသပ်အဆင့်မှာပဲရှိပါသေးတယ်။
ထို့အတွက် ကျွန်တော်တို့ စိတ်ကြိုက်ပြင်ဆင်လို့ရတာမျိုးတွေအတွက်
အချိန်လိုဦးမယ်ပေါ့။

လက်ရှိ ကျွန်တော်သိသလောက်ဆိုရင်
- Code ထည့်ပြီး login နှိပ်လိုက်ရင် အနောက်မှာ ဆက်သွားမယ့်
website url က ပြောင်းမရသေးပါဘူး။
- နောက်တစ်ခုက EG Gateway တွေမှာအဆင်ပြေပေမယ့်
NBR လိုမျိုးတွေမှာ အဆင်မပြေသေးပါဘူး
- Original ထက် အားသာလာတာကတော့
မလိုအပ်တဲ့ ပုံတွေ code တွေကိုဖြုတ်လို့ရသွားတော့
Loading အရမ်းသွက်သွားပါတယ်။

Ruijie ဘက်ကသာ Beta ကနေ stable ဖြစ်လာပြီဆိုရင်တော့
ဒီရဲ့ Custom Html က တကယ်ကို ကောင်းတဲ့ feature ဖြစ်သွားမှာပါ။
Voucher Code တောင်းတာခြင်းတူရင်တောင်
ဒီဇိုင်းမတူတဲ့အတွက် ဒီဇိုင်းလန်းရင် လန်းသလို ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။

----------
လောလောဆယ် အချိန်ရတဲ့အခါတိုင်း
Design အသစ်တွေ လုပ်ထားဖြစ်တာ ဒီဇိုင်း ၅၀ နီးပါးရှိပါပြီ။
နောက်ထပ်ထပ်လပ်ပြီးတာနဲ့ ရနိုင်မယ့် Design လေးတွေ ပုံတင်ပေးပါဦးမည်။


#timecodemanager#ruijieVoucherManager
နောက်ထပ် Matrix နဲ့ Hacker Terminal Design လေး ၂ ခု။
အခုဒီဇိုင်းကိုကြိုက်ရင်လဲ
Matrix , HackerGreen ဆိုပြီး theme အမည်ပြောပြီး
ထည့်နိုင်ပါပြီ။
အခြားဒီဇိုင်းတွေအတွက်က
https://www.facebook.com/share/p/1BQrwpiAsi/ မှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
( မှတ်ချက်။ ။ ယခု ဒီဇိုင်းများသည် ရောင်းချဖို့အတွက်မဟုတ်ပါ။ ကျွန်တော်တို့နား လစဉ်ဘေဆောင်နေတဲ့သူများအတွက်သာ အရင် share လုပ်ပေးတာပါ။ )
----------
HTML / CSS အပိုင်းတွေ နားလည်ရင်
ကိုယ်တိုင်ဖန်တီးယူလို့ရပါတယ်။
#timecodemanager
#ruijieVoucherManager
Hackergreen And Matrix Design
Ruijie Voucher Code တောင်းတဲ့ နေရာမှာ
အခုပုံတွေထဲကလို ဒီဇိုင်းအလန်းပြောင်းချင်တယ်ဆိုရင်...
မိမိတို့ကြိုက်နှစ်သက်တဲ့ Design ရဲ့ theme အမည်လေးမှတ်ပြီးတော့
ကျွန်တော်တို့ Page မှာ message ပို့ပေးပါခင်ဗျ။

( Custom Design ထည့်ဖို့အတွက်
ကျွန်တော်တို့ကို Ruijie Project Share လေး
ခဏလုပ်ပေးဖို့လိုအပ်ပါမည်။ )

ဘယ်သူတွေကို အခုဒီဇိုင်းတွေအခမဲ့ထည့်ပေးမှာလည်းဆိုတာကို
ပုံထဲမှာ ရေးပေးထားပါတယ်ခင်ဗျ။

---------
ပြီးတော့ အခု design တွေမှာ ပုံတွေမပါအောင်ပြုလုပ်ထားတဲ့အတွက်
Portal အတွက်လည်း load မများစေပဲ
size သေးပြီး ပေါ့ပေါ့ပါးပါးဖြစ်စေပါတယ်။

( နောက်ထပ် ဒီဇိုင်းအသစ်တွေလဲ ထပ်ပြီးတိုးပေးသွားပါမည်။ )

#ruijieVoucherManager
#timeCodeManager
Back to Top