Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Time Code Manager ရဲ့ SVIP Member တွေအနေနဲ့
SVIP ထဲ့ Starlink Reboot Fix ဆိုတာလေးကိုဝင်ပြီး
Block ဆိုတာကို နှိပ်ပြီး အခုလို အပြာရောင်လေးဖြစ်သွားအောင်
လုပ်ထားကြပါ။

သို့မှသာ၊ မိမိတို့ wifi မှာ လာရောက်သုံးနေတဲ့သူတွေ
(ဒါမှမဟုတ်)
တစ်ချို့ လုပ်ငန်းတူအချင်းချင်း
မိမိတို့ wifi မှာ ၁ နာရီကုဒ်လေးဝယ်ပြီးတော့
Starlink App ကနေ starlink dish ကို
ပါဝါတွေ ခဏခဏ လှမ်းပိတ်တာမျိုးတွေ
စတဲ့ နှောင့်ယှက်မှုတွေ လုပ်ဖို့မလွယ်တော့အတွက်
တကယ်ကို ဖွင့်ထားတဲ့ function လေး ဖြစ်ပါကြောင်း။


-------
ယခုလို ပိတ်ဖို့ကလဲ Ruijie Gateway ခံထားမှကိုရမှာဖြစ်ပါတယ်။
ထို့အတွက် မိမိတို့က AP တစ်ခုတည်းနဲ့ code ထုတ်နေတာဆိုရင်
Ruijie Gateway တစ်ခု ပြန်ဝယ်တပ်ဖို့ အကြံပေးလိုပါသည်။

-------
ယခု Feature ကို
- ကျွန်တော်တို့ထံတွင် လစဉ်မပြတ် ဘေဆောင်အပ်နေတဲ့ customer များအပြင်
- SVIP သီးသန့်ဝင်သုံးလိုပါကလည်း ၁ လကို ၅ သောင်းကျပ်ဖြင့် ဝင်ရောက်နိုင်ပါသည်။
( မှတ်ချက်။ ။ SVIP ဆက်မဖြစ်တော့ပါက SVIP ထဲ့က feature တွေအကုန်ပြန်ပိတ်သွားမှာပဲဖြစ်ပါသည်။ )


#timecodemanager
#ruijieVoucherManager
Starlink App ကို block တာအတွက်
ပထမဦးဆုံး Update မှာ bug လေးပါသွားတဲ့အတွက်
လိုအပ်တာတွေကို ပြန်ပြင်ပြီးတော့
2.5 Version လေး Playstore မှာ update ထပ်တင်ပေးထားပါပြီ။

SVIP Member တွေအနေနဲ့ Starlink Block လုပ်တဲ့ Feature ကို အခမဲ့ ဝင်ရောက်သုံးနိုင်ပါပြီ။


မှတ်ချက်။     ။ ယခု Feature သည် SVIP ဖြစ်နေမှသာ အလုပ်လုပ်နေမှာဖြစ်ပြီး၊
SVIP မဖြစ်တော့လျှင် ကျွန်တော်တို့ App ဖြင့် Block ထားတဲ့ Game Site တွေ၊ Starlink Block တာတွေ အကုန်ပြန်ပြုတ်သွားမှဖြစ်ပြီး
အကာကွယ်တွေ အလုပ်လုပ်တော့မှာမဟုတ်ပါဘူး။
  
ထို့အတွက် SVIP ဆိုတာ ကျွန်တော်တို့နှင့် ရေရှည်ယုံယုံကြည်ကြည်လက်တွဲသွားမည့်သူနဲ့ နည်းပညာကိုတန်ဖိုးထားတဲ့သူတွေအတွက်သာ 
အဆင်အပြေဆုံးဖြစ်ပါသည်။
 
၁ လကို ၅ သောင်းဖြင့် Member ဝင်ပြီး အသုံးပြုခဲ့ရင်လဲ၊ နောက်လတွေမှာ ဆက်ပြီး member မဝင်ဖြစ်တော့ရင် အပေါ်ကပြောထားသလို ကျွန်တော်တို့ App ဖြင့် ပိတ်ထားသမျှတွေ အကုန် ပြန်ပြုတ်သွားမှာပဲဖြစ်ပါတယ်။

ထို့အတူ SVIP ဖြစ်စဉ်ကာလမှာ ရယူထားတဲ့ Portal Theme Design တွေလဲ
SVIP ဆက်မဖြစ်တော့တာနဲ့ Time Code Manager က ဖန်တီးထားသမျှ ဒီဇိုင်းတွေ
အကုန် ပြန်ပျက်သွားမှာပဲဖြစ်ပါတယ်။


အားလုံးပဲအဆင်ပြေကြပါစေ။

App Download
https://play.google.com/store/apps/details?id=com.neotech.wifivouchermanager


#timeCodeManager
#ruijieVoucherManager
Time Code Manager မှာ
SVIP Member တွေအတွက်
ှစတားလင့် App ကနေ Reboot/Shutdown လုပ်ခံရတာကို
ကာကွယ်နိုင်တဲ့ feature လေး ပေါင်းထည့်ပေးထားပါပြီ။

( ယခု Feature အတွက်က gateway သုံးထားမှသာ အဆင်ပြေပါမည်။ )

အခုပဲ Playstore မှာ သွားရောက် Update ပြုလုပ်နိုင်ပါပြီ။

https://play.google.com/store/apps/details?id=com.neotech.wifivouchermanager

#timeCodeManager
#ruijieVoucherManager
နောက်ထပ် Portal Voucher Code ဒီဇိုင်းအသစ် ၁၄ မျိုး ထပ်ပြီးပေါင်းထည့်ပေးထားပါတယ်။
https://timecodeweb.vercel.app/ ထဲက Theme ထဲမှာ
ဝင်ရောက်ကြည့်ရှူရွေးခြယ်နိုင်ပါသည်။

( လက်ရှိမှာတော့ design တွေကို ရောင်းချခြင်း၊ public ပေးခြင်းတွေမရှိသေးပါဘူး။ ကျွန်တော့်နား လစဉ်ဘေဆောင်နေတဲ့သူတွေအတွက်သာ လောလောဆယ် သုံးခွင့်ရဦးမှာဖြစ်ပါတယ်။
Public ထုတ်ပေးဖြစ်ရင် Post သီးသန့်တင်ပေးပါမည်။ )


------------
ပြီးတော့ တစ်ချို့ webview နိမ့်တဲ့ဖုန်တွေမှာ အလုံးပဲလည်နေပြီး
voucher code မတောင်းတဲ့ ပြသနာလေးတွေရှိပါတယ်။
သူ့ Original Theme မှာကအစ အဲ့ဒီပြသနာလေးရှိပါတယ်။

ထို့အတွက် ကျွန်တော် မူရင်း javascript code တွေကို စစ်ကြည့်ပြီးတော့
ဖုန်းအနိမ့်တွေမှာကအစ အဆင်ပြေအောင် ထပ်မံကြိုးစားပေးနေပါတယ်။

လက်ရှိ ကျွန်တော်လုပ်ထားတဲ့ Theme တွေကို အတတ်နိုင်ဆုံး
loading time အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးထားပါတယ်။

သို့ပေမယ့် Ruijie Cloud ဘက်က ဒီ customHtml က beta စမ်းသပ်အဆင့်သာဖြစ်သေးတာကြောင့် တစ်ချို့ဖုန်းတွေမှာ အဆင်မပြေတာမျိုးတော့ ရှိနေဦးမှာပါ။


#timeCodeManager
#ruijieVoucherManager
4m1IBbrF2t.gif
30.8 MB
Back to Top