Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
လာပြကြလို့ စစ်ကြည့်တဲ့အခါ
"disabled_blocked_country" နဲ့ ပိတ်ခံထိတာပါ။
အဲ့အတွက် Subscription မှာ Active ဖြစ်နေပေမယ့်
Dish က blocked လုပ်ခံထားရလို့ လိုင်းပေးမသုံးတော့တာမျိုးပါ။
"disabled_blocked_country" နဲ့ပါတ်သက်ပြီး သိချင်ရင်
Support Message ကနေသွားပြီးတော့ စစ်ခိုင်း၊ မေးလို့ရပါတယ်။
အဖြေကတော့ -
Service Register လုပ်ထားတဲ့နေရာကိုပဲ စက်ကိုပြန်ယူသွားပြီး
ပြန်ဖွင့်ရင် အင်တာနက်ပြန်ရမယ်လို့ပဲ ဖြေပါတယ်။
ဒါဆို Agent တွေ၊ Authorized Reseller ကနေရော
disabled_blocked_country ကို ဖြုတ်ပေးလို့ရနိုင်လားဆိုတော့
လုပ်ပေးလို့မရနိုင်ဘူးလို့ ဖြေပါတယ်။
ဆိုတော့
သူတို့ဘက်ကသာ မဖြေလျှော့ပေးရင်တော့
သုံးဖို့အရမ်းကို ခက်ခဲသွားပါပြီ။
တစ်ချို့လဲ စက်ပိတ်ထားပြီး နည်းနည်းကြာမှ ပြန်ဖွင့်ဖို့တွေ
တစ်ချို့လဲ ဒီရက်ပိုင်း မသုံးပဲ ပိတ်ထားဖို့တွေ အစုံရေးကြ ၊ share ကြတာ
တွေ့ရပါတယ်။
ဘာမှမထူးပါဘူး၊ အဲဒီအတွက် လိုင်းရနေသေးရင် မပိတ်ခံရမချင်း
ရသလောက်သာ သုံးပါ။
ပိတ်ထားရင်တောင် လိုင်းသုံးမရလို့ နစ်နာပါဦးမယ်။
---------
အားလုံးပဲအဆင်ပြေကြပါစေ။
account တစ်ခု project တစ်ခု စနစ်အဖြစ်ပြောင်းလဲမှာဖြစ်ပါတယ်။
အကယ်လို့ ဝယ်ယူထားတဲ့အကောင့်ပိုင်ရှင်က
အမှန်တကယ် ကိုယ်ပိုင် project က ၁ ခုထက်ပိုပြီး ရှိတယ်ဆိုတာ မှန်ကန်ရင်တော့ အခြား project လေးတွေ ပြောင်းလဲခွင့်ရှိပါမည်။
အဲ့လိုမှမဟုတ်ပဲ
အကောင့်တစ်ခုအောက်မှာ ကိုယ်နဲ့မသက်ဆိုင်တဲ့ Project တွေကို စုပေါင်းထည့်ထားပြီး အသုံးပြုနေမယ်ဆိုရင်
ပြောင်းလဲခွင့်မရှိအောင် ကန့်သတ်မှာဖြစ်ပါကြောင်း ကြိုတင်အသိပေးလိုက်ရပါတယ်။
ဝယ်ယူထားတဲ့သူတွေအနေနဲ့
မိမိတို့အကောင့်၊ မိမိတို့ project မှန်ကန်သမျှ
အခု ကန့်သတ်ချက်ကို စိတ်ပူစရာမရှိပဲ
ပုံမှန်အတိုင်းအသုံးပြုနိုင်ပါမည်။မိမိတို့ လက်ရှိဝင်သုံးနေတဲ့ time code manager မှာ
ကိုယ်ကိုင် project တင်မဟုတ်ပဲ
အားလုံး စုပေါင်း အနေနဲ့သုံးနေတယ်ဆိုရင်
မိမိတို့ရဲ့ စက်အတွက် project ကိုပဲ
အကောင့်တစ်ခုအောက်မှာ သီးသန့်သုံးဖို့အကြုံပြုပါတယ်။
ကျေးဇူးတင်ပါသည်။
Ruijie Log Viewer App လေး တင်ပေးလိုက်ပါတယ်။
ဘာအတွက်အသုံးဝင်တာလဲဆိုတာကို
ဒီလင့်လေးမှာ ကြည့်နိုင်ပါတယ်။
https://t.me/ruijievouchermanager/595
#timeCodeManager
#ruijieVoucherManager
ဘာအတွက်အသုံးဝင်တာလဲဆိုတာကို
ဒီလင့်လေးမှာ ကြည့်နိုင်ပါတယ်။
https://t.me/ruijievouchermanager/595
#timeCodeManager
#ruijieVoucherManager
----------
ဒီရက်ပိုင်း ကျွန်တော့်ကို unlimited code တွေကို hack ပြီး၊ ခိုးပြီးတော့
ပြန်ရောင်းနေတဲ့ သူတွေ၊ tg channel တွေရှိတယ်ဆိုပြီးတော့
screenshot တွေလာပို့ကြပြီး မေးကြပါတယ်။
တကယ်က ruijie မှာ code ကို hack လို့ / ခိုးလို့ ရတယ်ဆိုတာ
မရှိသလောက်ကိုနည်းသွားပါပြီ။
ထို့အတွက် unlimited code တွေဆို ပိုလို့တောင်မဖြစ်နိုင်တော့ပါဘူး။
ဆိုတော့....
လာပြတဲ့ channel တွေ၊ tiktok video တွေထဲကဟာတွေကို
သေချာလိုက်ကြည့်ပြီးတဲ့နောက်မှာတော့
ခိုးခံနေရတာက ruijie ဘက်က ယိုပေါက်က မဟုတ်ပဲ
- ကိုယ့် Project ကိုထိန်းထားတဲ့သူ၊
- Project ဆားဗစ်လုပ်ပေးထားတဲ့သူ
- ကိုယ့် အကောင့် password သိထားတဲ့သူ
- ကိုယ့် project ကို share ယူထားတဲ့သူတွေထဲက
တစ်ဦးဦး ( သို့မဟုတ် ) အဖွဲ့လိုက်က
Unlimited usergroup တွေ အသစ်လုပ်ပြီးတော့
စက်ပိုင်ရှင် မသိအောင် code ထုတ်ရောင်းနေတာတွေတွေ့ရပါတယ်။
အပြည့်အစုံကိုဖတ်ရန်
https://www.facebook.com/share/p/1BGv6L2CmR/
#timeCodeManager
#ruijieVoucherManager
မိမိတို့ရဲ့အကောင့်ထဲက My ( ကိုယ်ပိုင်အနေနဲ့ ) ထဲမှာ ရရှိထားမှသာ
စိတ်ချရမည်ဖြစ်ပါသည်။
အကယ်၍ မိမိ Project ကို Received အထဲမှာပဲရောက်နေတယ်ဆိုရင်တော့
မိမိတို့ project လုပ်ပေးထားတဲ့သူတွေထံကနေ
ကိုယ်ပိုင်ဖြစ်အောင် လွဲပြောင်းပေးဖို့ လုပ်ခိုင်းသင့်ပါသည်။
အကြောင်းအရင်းတွေကတော့....
Project က ကိုယ်ပိုင်မဖြစ်ထားရင် -
၁။ Project လုပ်ပေးထားတဲ့သူက ကိုယ့်စက်တွေကို
control လုပ်နိုင်ခြင်း။
( ဥပမာ.. code မတောင်တော့အောင် portal ဖျက်ခြင်း
error တစ်ခုခုဖြစ်အောင်လုပ်ပြီး ဆားဗစ်ခထပ်ယူခြင်း )
၂။ ကိုယ်မသိပဲ Voucher Code တွေ ထုတ်ပြီးတော့
အခြားသူတွေကို ပြန်ရောင်းချနိုင်ခြင်း၊
၃။ တစ်ချို့မသုံးရသေးပဲ expired ဖြစ်သွားတယ်ဆိုတာတွေလဲ
မိမိတို့ထုတ်ထားတဲ့ code ကို
project ကိုင်ထားတဲ့သူက သိနေရတာမို့
ဝင်သုံးလိုက်တာ / တစ်ဆင့်ရောင်းချလိုက်တာမျိုးရှိခြင်း၊
( နီးစပ်ရာကိုယ့်အမျိုးတွေကို
code အလကားပေးလိုက်တာမျိုး )
ဆက်လက်ဖတ်ရန်...
https://www.facebook.com/share/p/1DQYozqWQj/
#timeCodeManager #ruijieVoucherManager
လက်ရှိတော့ တော်တော်များများလဲ
နံပတ်နဲ့ စာ တွဲရက် ထုတ်လာကြပါပြီ။
အဲ့လိုတွေများလာလေ ခိုးသုံးတဲ့သူတွေ
ခက်လာလေပါပဲ။
- မိမိတို့ Project မှာ နံပါတ် ၆ လံုးနဲ့ code တွေရှိရင်ပြန်ဖျက်ပါ။
- မိမိတို့ Project ကို ဆားဗစ်ဆရာတစ်ဦးဦးကို share လုပ်ပေးထားဖူးရင် ပြန်ဖြုတ်ပါ။
- Password လဲ လိုအပ်ရင် ပြောင်းထားပါ။
- Account တစ်ခုအောက်ထဲမှာ project တွေအများကြီးမျှသုံးတာမျိုး ရှောင်ပါ။
အဓိကတော့ ဘယ်သူ့ကိုမှ မယုံပါနဲ့ !!!! ruijie ကြီးကိုပဲအားကိုးလို့မရသလို
ကိုုယ့်ဘက်ကနေလဲ ကိုယ်လုပ်နိုင်တဲ့အပိုင်းနဲ့
ကာကွယ်ဖို့လဲလိုပါတယ်။
ဒါမှသာ မိမိတို့ wifi စီးပွားရေးလုပ်ငန်းတွေ
မထိခိုက်မှာပါ။
#timeCodeManager
#ruijieVoucherManager
-
၁။ Voucher Code ကျော်သုံးလို့ရခဲ့တဲ့အချိန်တုန်းက
မိမိတို့စက်မှာ ကျော်သုံးခံထားရပြီး၊
Ruijie ဘက်က ပိတ်သွားသည့်တိုင် အရင်ကျော်ထားတဲ့သူက
ဆက်လက်အသုံးပြုနေလို့ရတာတွေ ကျန်နေပါသေးသည်။
ထိုကျန်နေတဲ့ code/device များကို
Auth Clients ကနေရှာပြီးတော့ Logout လုပ်လို့ရပါသည်။
၂။ One Click Login ကို ဖွင့်မိထားလိုက်လို့
One Click Login နဲ့ ဝင်သုံးထားတာတွေကို
Project / Portal အသစ်ပြင်စရာမလိုပဲ
သုံးမရတော့အောင်အတွက်
Auth Clients ကနေဝင်ပြီးတော့ Logout လုပ်လို့ရပါသည်။
၃။ တစ်ချို့ ၁ ပတ်၊ ၁၅ ရက်၊ ၁ လကုဒ်တွေ
အကြောင်းအမျိုုးမျိုးကြောင့် ထွက်သွားပြီး
code ပြန်တောင်းတဲ့အခါမျိုးမှာလဲ
code အသစ်ပြန်ထုတ်ပေးစရာမလိုပဲ
ဝင်ထားပြီးသား code ကို Auth clients ကနေရှာပြီးတော့
logout လုပ်ပေးလိုက်ရင် code အဟောင်းကို
သူတို့ဖုန်းမှာပဲ ပြန်ထည့်ပြီးဝင်လို့ရသွားမှာဖြစ်ပြီး၊
လက်ကျန်ရက်အတိုင်း မပြောင်းလဲပဲ ဆက်သုံးလို့ရမှာဖြစ်ပါသည်။
ဆက်လက်ဖတ်ရှူရန် :
https://www.facebook.com/share/p/1EGksfibUc/
#ruijieVoucherManager