Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Ruijie Cloud ဘက်မှာ
Voucher Code အသစ်တွေ Generate လုပ်တဲ့အချိန်
Code မထွက်လာပဲ အကြာကြီးလည်နေတဲ့ error ကြုံနေရပါတယ်။
တစ်ချို့လည်း ၃ ၄ ခါလောက် generate လုပ်မှ code တွေထွက်လာတာတွေရှိပါတယ်။
ကျွန်တော်တို့ Time Code Manager App မှာလည်း
Code အသစ် Generate လုပ်တဲ့အချိန်မှာ လည်နေပြီး
"java.net.SocketTimeoutException" ဆိုပြီး error ပြနေပါလိမ့်မယ်။
( response အရမ်းကြာသွားတာကြောင့်လည်းဖြစ်တတ်ပါတယ်။
error ပြသွားပေမယ့်၊ တစ်ချို့အချိန်တွေမှာ code အသစ်တွေ ထွက်နေတာလည်း တွေ့ရပါလိမ့်မယ်။ )
Ruijie Cloud Backend ဘက်က error မို့
သူတို့ဘက်က ပြန်ကောင်းသွားပြီဆိုရင် ကျွန်တော်တို့ App မှာလည်း
Auto ပြန်အဆင်ပြေသွားပါလိမ့်မယ်ဗျ။

https://www.facebook.com/share/p/1B5wi1BjDr/
#timecodemanager
#ruijievouchermanager
Time Code Manager Update မှာ ပါဝင်လာမယ့်
"Other Features"

စတားလင့်ဘေ လစဉ်ဆောင်နေတဲ့သူတွေသာ သုံးလို့ရမယ့် feature တွေ ဖြစ်ပါတယ်။

Update ထွက်ခါနီး
ပါဝင်မယ့် feature လေးတွေ ကြေငြာပေးပါမည်။


#timeCodeManager
#ruijieVoucherManager
ှစ တား လင့် ဘက်ကနေ အခုလို
"Terms of Service Update" ဆိုပြီး
Email တွေပို့လာလို့ စိတ်ပူရလား လာမေးကြလို့ပါ။

စိတ်ပူစရာမရှိပါဘူးဗျ။
Pause Service မှာ Standby Mode ဆိုတာလေး ပါလာမယ်ဆိုပြီး အသိလာပေးတာပါ။

Standby Mode မှာဆိုရင် Speed Limit ( Data Unlimited ) နဲ့
emergency use လို့ရအောင် လုပ်ပေးထားမှာဖြစ်ပြီး
အဲ့ဒီအတွက် ၁ လကို 320PHP ပဲကျသင့်မယ်ဆိုတာကို အသိလာပေးတာပါ။

အားလုံးပဲ အဆင်ပြေကြပါစေ။
#ruijieVoucherManager
#timeCodeManager
ဒီနေ့ စတားလင့် ဘေဆောင်ပေးဖြစ်တဲ့
Screenshot တွေထဲက တစ်ချို့။

အခုမှ အသစ်လာရောက် ပြောင်းဆောင်ကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ရှိပါသည်။

Time Code Manager App ကိုဝယ်သုံးရင်းနဲ့
ကြောငြာတွေ့လို့ လာရောက်ဘေဆောင်ကြတဲ့ Customer များကိုလည်း
ကျေးဇူးအထူးပင်တင်ရှိပါသည်။

Starlink Bill ဆောင်စျေးနှုန်း
😍550,000 ကျပ်။

လစဉ်ကြေးဆောင်ဖို့ ဆက်သွယ်ရန်
- @mr_moonrider ( Telegram )
- +959259411186 ( viber - Viber မှာ တစ်ခါတစ်လေ Online မရှိသည့်အတွက် Telgram or Facebook Page မှာဆက်သွယ်ပေးပါခင်ဗျ )
- https://facebook.com/ruijieapp ( Facebook )
❗️❗️❗️❗️

August လအစမှာ ဆောင်ရမယ့်
Billing အပ်ထားတဲ့ အလုံးတွေ email တွေစဝင်လာပါပြီ။

ဒီလအတွက်တော့ ဈေးလေးနည်းနည်းပြောင်းပါတယ်

ဖိလစ်ပိုင် Region ရော
ဂျပန် Region ရော

😍 550,000 ကျပ်လေးဖြစ်ပါမယ်ဗျ။


ပြီးတော့
ကျွန်တော်တို့နားမှာ Time Code Manager App ဝယ်သုံးထားပြီး
ဘေဆောင်ဆားဗစ်ပါအပ်ထားတဲ့သူတွေအတွက်
နောက်ပိုင်း Time Code Manager App Update မှာ ပါဝင်မယ့် Feature အသစ်တွေကို သီးသန့် အသုံးပြုခွင့်ရမှာပဲဖြစ်ပါတယ်။
နောက်လ ( ၈ လပိုင်း ) ကစပြီး
စတားလင့် ဘေဆောင်စျေးနှုန်းလေးတွေ ပြောင်းပါတယ်ခင်ဗျ။

ဖိလစ်ပိုင်ရော
ဂျပန်ရော
550,000 ကျပ်ဖြစ်ပါမယ်ခင်ဗျ။


လစဉ်ကြေးဆောင်ဖို့ ဆက်သွယ်ရန်
@mr_moonrider
+959259411186 ( viber )
စတားလင့်တွေ ဘေဆောင်တဲ့အခါမှာ
တစ်နေရာနဲ့ တစ်နေရာပြောင်းဆောင်ကြလို့
Payment Card တွေ ခဏခဏ ပြောင်းရလို့
အကောင့်ပိတ်ခံရနိုင်လားဆိုပြီး မေးလာကြလို့

Multiple Card ( ကဒ်တွေ ဘယ်လောက်ပဲ ပြောင်းပြောင်း )
စတားလင့်ရဲ့ Policy မှာ
ကဒ်ပေါင်းစုံပြောင်းထည့်ခြင်းအတွက်
Suspension ( service ရပ်ခြင်း / အကောင့်ပိတ်ခြင်း ) မရှိထားပါဘူး။

စိတ်ကြိုက် ပြောင်းထည့်လို့ရပါတယ်။
အကောင့်နဲ့လည်း ကဒ်ကို တွဲမမှတ်ထားပါဘူး
Card Holder အမည် မှန်/မမှန်လည်း သူတို့မစစ်ပါဘူး။
( ဘာလို့ မစစ်ဘူးပြောရလဲဆိုရင်
ID တောင်းတဲ့စက်တစ်လုံးကိုကူညီပေးတုန်းက ID အပြင် Bill ဆောင်တဲ့ကဒ်အချက်လက်ပါတောင်းလို့ ကဒ်အသစ်တစ်ခုလုပ်ပြီး
Payment မှာပြောင်းပြီး အဲ့ဒီကဒ်လေးနဲ့ ID တွဲတင်လိုက်တာ ရသွားပါတယ် )

ပြီးတော့ Virtual Visa Card တော်တော်များများကလည်း အမည်ပေါက်ရတာရှာပါတယ်။


ဒါကြောင့် ဘေဆောင်ဈေးသက်သာတဲ့နေရာတွေ့လို့ စိတ်ချရလို့ ပြောင်းဆောင်ချင်တာမျိုးဆို
ကဒ်ခဏခဏပြောင်းလို့ ပိတ်ခံရမှာထင်ပြီး
စိတ်သောကမရောက်ကြပါနဲ့လို့ အကြံပြုချင်ပါတယ်။

( လိုင်းမပိတ်အောင် / အကောင့်မပိတ်ခံရအောင်တော့ လစဉ်ပုံမှန်ဘေဆောင်ကြဖို့ပါပဲ )

ကျွန်တော်တို့နားကဆောင်နေကြသူတွေလည်း ကိုယ်တိုင်ကဒ်ရှိလာလို့ ကိုယ်တိုင်ပြောင်းဆောင်ချင်တာ / ဈေးပိုသက်သာတဲ့နေရာ ပြောင်းဆောင်ချင်တာမျိုး စိတ်ချ လက်ချ လုပ်လို့ရပါတယ်။

တစ်ခုပဲ ကျွန်တော်တို့ရဲ့ Billing Email လေးကိုတော့ အကောင့်ထဲကနေ ဖြုတ်ပေးဖို့ မမေ့ရင် ရပါပြီဗျ။


အားလုံးပဲ အဆင်ပြေကြပါစေ။
#ruijieVoucherManager
#timeCodeManager
Ruijie စက်တွေနဲ့ ပါတ်သက်ပြီး Error တွေ မေးချင်တာ၊ Complain ( VPN ကျော်သုံးခံနေရတာ၊ Hotspot လွင့်ခံနေရတာ၊ Voucher ကုဒ်တွေ အချိန်မဖြတ်တာ၊ ၁ လကုဒ်တွေ ရက်မပြည့်ပဲထွက်သွားတာ စတာ ) တွေတက်ချင်တာမျိုးဆိုရင်

Ruijie Reyee Myanmar Youtube Channel မှာ တင်ပေးထားတဲ့
သူတို့ရဲ့ Technical Support ရဲ့ ဖုန်းနံပါတ်လေးတွေ့လို့ share လုပ်ပေးလိုက်ပါတယ်။

09793619827
( Viber ကနေလည်း ဆက်သွယ်လို့ရတယ်လို့ ရေးထားတာတွေ့ပါတယ်။ )

Facebook Page လည်း တွေ့ပေမယ့် တော်တော်များများက Reply မလာလို့ဆိုပြီး ပြောလို့ အဲ့ဒါလေးတော့ မတင်ပေးတော့ပါဘူး။

အားလံုးပဲအဆင်ပြေကြပါစေ။
#ruijieVoucherManager
#timeCodeManager
Ruijie နဲ့တော့ မဆိုုင်ပေမယ့်
Telegram သုံးတဲ့သူတွေ သတိထားရအောင်အတွက်ပါဗျ

ပုံထဲကအတိုင်း Telegram မှာ Link တွေပို့လာတာမျိုးဆိုရင်
အလောတကြီးမဝင်ကြည့်ဖို့အတွက်ပါ

အခန့်မသင့်ရင် ကိုယ့် Telegram Account ပါသွားနိုင်ပါတယ်။

#ruijieVoucherManager
#timeCodeManager
Time Code Manager ရဲ့ Connected Devices ထဲက
Voucher Code အောက်မှာ အချိန်မပေါ်တော့တဲ့ Device တွေရဲ့
ဖြစ်နိုင်ချေတွေကို ရှင်းပြပေးလိုက်ပါတယ်။
ဘာလို့ ဖြစ်နိုင်ချေလို့ ပြောရလဲဆိုရင်တော့
Ruijie Cloud ဘက်ကကို သေချာမရှင်းပြထားတဲ့အတွက်
ကျွန်တော် သိသလောက် ၊ နားလည်သလောက်ရှင်းပြပါမယ်။
ဖြစ်နိုင်ချေတွေကတော့
- ဖုန်းမှာထည့်သုံးထားတဲ့ Voucher Code Expired ဖြစ်သွားတဲ့အတွက်
အချိန်မပေါ်တော့ဘူး ၊ သို့ပေမယ့် မိမိတို့ wifi မှာဆက်ချိတ်နေတုန်းမို့
ပေါ်နေသေးတာ၊
- Ruijie Cloud ရဲ့ Client List ဆိုတာက
code သုံးထားတဲ့ဖုန်းတွေကိုပဲ
ပြတာမဟုတ်ပါဘူး၊
မိမိတို့ wifi မှာ လာချိတ်ထားသမျှကို
ပြပေးတဲ့ နေရမှာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှူရန်...
https://www.facebook.com/share/p/15r63WCkM8/

#ruijieVoucherManager
Ruijie Voucher Manager ( Time Code Manager ) လေး
update အသေးလေး လုပ်ပေးထားတယ်။
Playstore ကနေ update သွားလုပ်လို့ရပါပြီ။

အခု update မှာ ကိုယ်ဝယ်သုံးထားတဲ့ ( Activate လုပ်ထားတဲ့ Account ) က
ကြိုက်တဲ့ Printer နဲ့သုံးလို့ရမရဆိုတာကို
Print Setting နားက "Printer : Unlimited" ဆိုတာကို ကြည့်ပြီး
ခွဲခြားနိုင်ပါပြီ။

Printer : Unlimited လို့ပြနေတယ်ဆိုရင်
ကျွန်တော်တို့နားက ( ဒါမှမဟုတ် ) ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့ Printer အရောင်းဆိုင်တွေက
printer တွေနဲ့သာမက
မည်သည့် 2 လက်မဆိုဒ် Bluetooth Printer နဲ့မဆို အသုံးပြုလို့ရတဲ့ Account ဖြစ်ပါတယ်။

- နောက်တစ်ခုကတော့ Connected Devices ထဲမှာ
Ruijie က ချပေးလာတဲ့ Data အတိုင်း Wireless ( Wifi ) နဲ့ Wired Devices
ဆိုပြီး ပြန်ခွဲပြထားပေးပါပြီ။
ချိတ်ဆက်ထားသောဖုန်းအရေအတွက်ပေါ်ပြီးတော့
device list မပေါ်တာကိုလည်း ပြန် fix ပေးထားပါပြီ။
Voucher Code ရဲ့ စသုံးချိန်နဲ့ expired ဖြစ်မယ့် အချိန်ကိုလည်း
ပိုပြီးရှင်းလင်းအောင် အရင် 24hour အစား AM / PM နဲ့ဖော်ပြနိုင်အောင်
ပြုလုပ်ပေးထားပါသည်။

Playstore မှ App Download လုပ်ရန် Link
https://play.google.com/store/apps/details?id=com.neotech.wifivouchermanager
Application သီးသန့်ဝယ်ယူလိုပါက 150000 ကျပ်ဖြင့် ( ruijie account တစ်ခုစာ Activate ) ဝယ်ယူနိုင်ပါပြီ။
-----------------------
( App ကို အခုမှစဝယ်မယ့်သူတွေအနေနဲ့ ပိုက်ဆံကြိုရှင်းစရာမလိုပါဘူး၊
App ထဲမှာ မိမိတို့ account login ဝင်လို့ရပြီ သုံးလို့ရပြီဆိုမှပဲ ငွေချေလို့ရပါတယ်။ )
#ruijievouchermanager
#timeCodeManager
Printer တွေ ထပ်ဝင်လာပါပြီ။
လောလောဆယ်မှာ တစ်လုံချင်းစီ ရောင်းပေးတာထက်
အရင်မှာနေကြ အလုံးရေများများ ယူတဲ့သူတွေ တင်ထားတဲ့
Order တွေကို ဦးစားပေး ပို့ပေးပါမည်။

#ruijieVoucherManager
#timeCodeManager
VPN ကျော်သုံးနေတဲ့သူကို Block လုပ်ပေမယ့်
ထပ်ပြီး ပြန်ချိတ်ခံနေရတယ်ဆိုတဲ့ အကြောင်းအရင်း
-------------------
ချိတ်ထားတဲ့ ဖုန်းတစ်လုံးကို VPN ကျော်သုံးထားတယ်ထင်လို့ Block လုပ်လိုက်တယ်။
( Time Code Manager ကပဲဖြစ်ဖြစ်၊ သူ့ Official App ကပဲဖြစ်ဖြစ် Block လိုက်တယ် )

ဒါပေမယ့် မကြာဘူး အဲ့ဒီဖုန်းအမည်နဲ့ ထပ်ချိတ်လာပြန်ရော။

ဒီနေရာမှာ ကျွန်တော်တို့ Time Code Manager App ကနေ Block လုပ်တဲ့သူတွေအနေနဲ့ကတော့ Block လုပ်တာ အဆင်မပြေဘူး၊ ထိထိရောက်ရောက်မဖြစ်ဘူးပေါ့ ဆိုပြီး ထင်ကြတယ်။

( တကယ်က ကျွန်တော်တို့ App မှာပါတဲ့ Block Feature က Ruijie ရဲ့ App ကအတိုင်းပဲ အလုပ်လုပ်တာပါ။
- Block လုပ်လိုက်လို့ Blacklist Device ထဲမဝင်သွားရင်တော့
ကျွန်တော်တို့ App Error ဖြစ်တာပါ။
- Blacklist Device ထဲရောက်ရဲ့သားနဲ့ ပြန်ချိတ်ခံနေရတယ်ဆိုရင်တော့
Ruijie Wifi ဘက်က Block မလုပ်နိုင်တော့တာရယ်၊
ဖုန်းမှာ feature တစ်ခု သုံးထားလို့ပါ။
( အဲ့ဒီ ဖုန်းမှာပါတဲ့ Feature ကိုတော့ ကျွန်တော်မပြောပြတော့ပါဘူး၊
လူတိုင်း အဲ့ဒီ feature သိသွားရင် ဘယ် wifi router မှ Block မနိုင် ဖြစ်သွားနိုင်တာမို့ပါ။ )


ဒါကြောင့်
- Block လုပ်လိုက်တယ်၊ Blacklist Devices ထဲမှာမပေါ်လာဘူးဆိုရင်
ကျွန်တော်တို့ App Error ဖြစ်တာများပါတယ်။
အဲ့အတွက် ကျွန်တော်တို့ကို ဆက်သွယ်ပေးပါ၊ ကူညီဖြေရှင်းပေးပါမယ်။

- Block လုပ်လိုက်တယ်၊ Blacklist Deivces ထဲလဲ ရောက်တယ်။
ဒါပေမယ့် ပြန်ချိတ်သုံးနေတယ်လို့ တွေ့ရင်တော့ ဘာမှမလုပ်မရတော့ပါဘူး။
( အဲ့ဒီ Device ကို Speed Limit လုပ်လိုက်တာမျိုးပဲ ကျန်ပါတော့မယ်။ )


အားလုံးကိုကျေးဇူးတင်လျက်
#ruijievouchermanager
#timecodemanager
Ruijie Gateway / AP တွေက ဘောက်ချာကုဒ်တွေကို
ဖုန်းကနေပြီး ဒီလို Portable Printer လေးတွေနဲ့ လွယ်လွယ်ကူကူ ထုတ်လို့ရနိုင်ခဲ့မယ်လို့ မထင်ခဲ့ဘူး။

ကွန်ပျူတာနဲ့ Printer ကြီးတွေနဲ့ပဲ
ထုတ်လို့ရတယ်ဆိုတာပဲ သိခဲ့တာ။

ဒါပေမယ့်
Ruijie Voucher Manager
( Time Code Manager ) App ဖန်တီးပြီးသွားတဲ့နောက်မှာတော့
ကွန်ပျူတာမလို / Printer ကြီးတွေမလိုပဲ
Bluetooth Portable Printer တွေနဲ့
ဖုန်းကနေ သာသာယာယာ Print ထုတ်နိုင်ခဲ့ပါတယ်။

Read more :
https://www.facebook.com/share/p/16pkkSc4MB/
Ruijie တရုတ် market အလုံးတွေအတွက်
Voucher Code System မရဘူးလားဆိုပြီး လာမေးကြတဲ့သူတွေများလို့
ကျွန်တော် Ruijie China Cloud MACC ကိုဝင်ပြီး လေ့လာကြည့်ဖြစ်ပါတယ်။
( ဘာလို့ Ruijie China Cloud ကိုဝင်လေ့လာတာလဲဆိုရင် Ruijie တရုတ်အလုံးတွေက
Global Cloud မှာ လုံး၀ အလုပ်မလုပ်ပါဘူးဗျာ )

China MACC Cloud ထဲမှာတော့ Captive Portal Config ပါပါတယ်။
သို့ပေမယ့် ကျွန်တော်တို့ Global Cloud မှာ သုံးနေကြတဲ့ User Management ပိုင်း ( Voucher Code ) မပါဝင်ပါဘူး။

သူ့မှာပါတာက ပုံထဲအတိုင်း
- Security Questions / One Click Login တို့ / Fixed Account စတဲ့အရာတွေလောက်ပဲ ပါတာဖြစ်ပါတယ်။

Fixed Account နဲ့သုံးချင်ရင်တော့ ရပေမယ့်
username / password တွေ အသစ်လုပ်ရတဲ့ process က အဆင်သိပ်မပြေချင်ဘူး။
( Global Cloud သုံးနေကြမို့လည်း ပါမယ်ထင်ပါတယ်။ )

ဒါကြောင့် လက်ရှိမှာတော့ Ruijie တရုတ် အလုံးတွေအနေနဲ့
Cloud ရပြီး၊ Voucher Code System အတွက်က အဆင်ပြေဖို့ မလွယ်နိုင်သေးပါဘူး။

နောက်ဆုံး မဖြစ်မနေသုံးချင်တာဆိုရင်တော့
External Captive Portal Server တွေနဲ့ပဲ ချိတ်ပြီးသုံးတာမျိုးတော့ မဆိုးပါဘူး။

( တစ်ချို့က Global Firmware တင်မှာပေါ့ဆိုပြီး ပြောကြပါတယ်။
Ruijie Cloud က Firmware ထက်၊ SN နဲ့ အဓိက ခွဲထားတာမို့ မထူးခြားနိုင်သေးပါဘူး။ )

#ruijieVoucherManager
#timeCodeManager
Omada Voucher Manager ( TP Link ) App လေး
စမ်းသပ် အသုံးပြုခွင့်ကို ပိတ်လိုက်ပါပြီ။
စမ်းသုံးပေးတဲ့သူတိုင်းကို ကျေးဇူးတင်ရှိပါတယ်။
App သီးသန့် ထုတ်ရောင်းဖြစ်ရင်
စျေးနှုန်းနှင့်တကွ သီးသန့် Post တင်ပေးပါမည်။
ကျေးဇူးတင်လျက်
#ruijieVoucherManager
#timeCodeManager
ဒီတစ်ခေါက် Time Code Manager Update မှာ
Print Settings ရဲ့ ဒုတိယ line မှာ
ဝယ်သုံးထားတဲ့ Ruijie Cloud Account က
ကြိုက်တဲ့ Printer နဲ့တွဲလို့ရနိုင်လား / မရနိုင်လားကို
ပြပေးထားမှာဖြစ်ပါတယ်။

( Printer : Unlimited ) ပေါ်နေရင် မည်သည့် printer နဲ့မဆိုအသုံးပြုနိုင်ပါသည်။
လက်ရှိအချိန်ထိ ဝယ်ယူထားတဲ့ သူမှန်သမျှ အကုန် Unlimited ပါ )

unlimited မဟုတ်နေတဲ့အကောင့်တွေဆိုရင်တော့
ကျွန်တော်တို့ ရောင်းပေးတဲ့ printer
ဒါမှမဟုတ်
ကျွန်တော်တို့နဲ့ လက်တွဲထားတဲ့ printer reseller ထံတွေက printer မဟုတ်ရင် ချိတ်သုံးလို့ရတော့မှာမဟုတ်ပါဘူး။

#timeCodeManager
#ruijieVoucherManager
Back to Top