Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
မသုံးထားသေးတဲ့ Voucher Code တွေ အထုတ်များပြီး 5000 ပြည့်သွားလို့
နောက်ထပ် ကုဒ်အသစ်တွေ ထပ်ထုတ်မရတော့ခဲ့ရင်...

Time Code Manager App ထဲက SVIP Customer တွေအနေနဲ့
အခုပုံထဲကလို မြန်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူဖျက်နိုင်ပါပြီ။

#ruijieVoucherManager
#timeCodeManager
ည ၁၀ နာရီကျော်ပြီဆိုတော့
အခုချိန် မအိပ်သေးဘူးဆိုရင်
Time Code Manager App ကနေ

- Voucher Code အသစ်ထုတ်ပြီး print ထုတ်တာ
- သုံးပြီးသား Code တွေကို ဖျက်တာတွေ လုပ်ကြည့်ပါခင်ဗျ။

နေ့လည်မှာ ကုဒ်အသစ်ထုတ်တာ၊ ဖျက်တာတွေ ကြာသလောက်
ည ၁၀ နာရီနောက်ပိုင်းရောက်သွားရင်
အရင်လို ပြန်ပြီးတော့ မြန်သွားပါတယ်။


အဓိကတော့ Ruijie Cloud ဘက်က မနိုင်တာလား၊
အခြား cloud ပိုင်း error လားတော့မသိသေးပေမယ့်
လက်ရှိရက်ပိုင်း နေ့လည်ကနေ ည ၈ နာရီကျော်အထိ
code အသစ်ထုတ်တာ၊ သုံးပြီးသားတွေ ဖျက်တာမှာ
အချိန်အရမ်းကြာပြီး အဆင်မပြေဖြစ်နေပါတယ်။

Ruijie ဘက်ကဖြစ်နေတာမို့ လက်ရှိမှာတော့
သူတို့ပြင်ပေးလာတဲ့အထိပဲစောင့်ရပါတော့မယ်။

အခု Post ကတော့ Time Code Manager App error မဟုတ်ပဲ
Ruijie Cloud ဘက်က error ဖြစ်ကြောင်း သေချာအောင်
Post တင်ပေးလိုက်တာပါ။

#timecodemanager
Ruijie Cloud က ချိတ်ထားတဲ့ Devices တွေ မပေါ်တဲ့ error ဖြစ်နေပြန်ပါပြီ။
အကောင့်တိုင်းလည်း မဖြစ်ပါဘူး။
ဘာမှလည်း လုပ်မရပါဘူး။ သူတို့ဘက်က သိပြီး ပြန်ပြင်ပြီးသွားရင်တော့
သူ့အလိုလို ပြန်ပေါ်လာပါမယ်။
တစ်ရက်တစ်မျိုး error လေးတွေတက်တော့လည်း
ကျွန်တော်တို့ Page လေးလဲ post တင်ဖို့ active ပိုဖြစ်သွားတာပေါ့
အားလုံးပဲအဆင်ပြေကြပါစေ။

#ruijieVoucherManager
#timeCodeManager
Voucher Code အသစ်ထုတ်တာ/ Voucher Code ဖျက်တာတွေ
Ruijie cloud ဘက်က error ကြောင့် အချိန်ကြာပြီး error တက်တာတွေ
ပိုပိုဆိုးလာပါတယ်။
အရင်က ည ၆ နာရီနဲ့ ၈ ခွဲလောက်ထိပဲဖြစ်ရာကနေ
အခု နေ့လယ်တွေမှာပါ ကြုံလာရပါပြီ။
အခု video ကတော့ လက်ရှိ code အသစ်ထုတ် ကြာနေတာကို
သေချာ video နဲ့ record လုပ်ပြထားတာပါ။
Ruijie Cloud ဘက်ကဖြစ်တဲ့ error မို့
Ruijie Cloud ကနေပဲ voucher code ထုတ်ဖို့ ချိတ်ဆက်ထားရတဲ့
ကျွန်တော်တို့ Time Code Manager App မှာလည်း ကြာပြီးတော့
Error တွေ ဖြစ်ကိုဖြစ်နေပါတယ်။
လက်ရှိမှာတော့ ကိုယ်တိုင်ဖြေရှင်းလို့မရတဲ့ ပြသနာပါ။
Ruijie ဘက်ကပဲ ပြင်ပေးလာမှ အရင်လိုပြန်ကောင်းနိုင်မှာဖြစ်ပါတယ်။
မြန်မြန်ပြန်ပြင်ဖို့အတွက်ကတော့
Ruijie စက် customer တွေ report များများတင်မှပဲအဆင်ပြေမယ်ထင်ပါတယ်။
လက်ရှိကိုယ့်ဘက်လုပ်လို့ရမယ့်နည်းလေးတော့
video ထဲမှာ ပြောပြပေးထားပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
#ruijievouchermanager#timeCodeManager
#ruijie

https://www.facebook.com/share/v/1BQNxmA5Ee/
VPN ကျော်သုုံးတဲ့ဖုန်းတွေကို ပိုမိုတိကျအောင် ရှာဖွေပေးနိုင်ဖို့အတွက် လမ်းစ။

https://www.tiktok.com/@ruijievouchermanager/video/7557961226379152658

#timeCodeManager #ruijieVoucherManager TikTok · ruijievouchermanager
Code အသစ်ထုတ်တာ / Code ဖျက်တာတွေမှာ အရမ်းကိုကြာနေတာတွေကြုံနေရပါတယ်။


တစ်ချို့က Time Code Manager App ကြောင့်လို့ထင်ကြတယ်။
ဖြစ်ချင်တော့ update ထွက်ပြီးနောက်မှာ အခုလိုကြုံရတော့
Time Code Manager Update မှာပဲ
error ပါလာတယ်ထင်ကြတာလည်းရှိပါတယ်။

အဲ့အတွက် ရှင်းရှင်းလင်းလင်းလေးဖြစ်သွားအောင်
မတူညီတဲ့ အချိန် နှစ်ခုမှာ delete ဖျက်ပြထားပါတယ်။
ရှေ့ Post တစ်ခုမှာလည်း code ထုတ်တာ / ဖျက်တာတွေ
ကြာနေတာတွေ ဖြစ်နေတဲ့အကြောင်းလေးတင်ပေးဖူးပါတယ်။

အခု ဒီ Video ထဲမှာ
ဘယ်ဘက်က ၇ နာရီနဲ့ ခန့်မှန်း ၉ နာရီကြားမှာ အဖြစ်များတဲ့
ruijie cloud ဘက်က ကြာနေတဲ့ error နဲ့
ညာဘက်ကတော့ ၁၀ နာရီနောက်ပိုင်းမှာ ပြန်စမ်းပြထားတဲ့ဟာပါ။

Video ကြည့်လိုက်ရင် အဖြေပေါ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ code အသစ်ထုတ်တာနဲ့ဖျက်တာကို မကြာချင်ဘူးဆိုရင်
ညပိုင်းမှာ ကြိုလုပ်ထားဖို့ပါ။

Ruijie Cloud ဘက်က ဖြစ်တာကြောင့် သူတို့ဘက်က ပြင်ပြီးသွားမှပဲ အရင်လိုပြန်ကောင်းနိုင်မှာပါ။


------------
( Time Code Manager App သည် App ဖွင့်ဖွင့်ခြင်း Login ဝင်တာကလွဲလို့ ကျန်တဲ့ အပိုင်းတွေအကုန်လုံးက Ruijie cloud နဲ့သာ ချိတ်ဆက်ထားခြင်းဖြစ်သည့်အတွက်၊ ruijie cloud ဘက်က error ဖြစ်တာနဲ့ App မှာလည်း error ဖြစ်ပါတယ်။ )



#timecodemanager
#ruijieVoucherManager
Voucher Code အသစ်တွေ Generate လုပ်ရင်
အရမ်းကြာတဲ့ error ဖြစ်နေပါတယ်။


Time Code Manager သုံးနေတဲ့သူတွေက ကျွန်တော်တို့ App ကကြာတယ်ထင်နေကြမှာဆိုးလို့
သေချာသိရအောင် Ruijie Cloud မှာ Generate လုပ်စမ်းပြထားပါတယ်။

10 Code လေးပဲထုတ်တာပါ။
အဝိုင်းပဲလည်နေပြီး success မဖြစ်သွားပါဘူး။
သို့ပေမယ့် ခဏနေရင်တော့ code အသစ်တွေ ရောက်နေတာ တွေ့ရပါတယ်။

အခုလို code အသစ်ထုတ်တာ၊ ဖျက်တာတွေ ကြာနေတာကို
ကျွန်တော် သတိထားမိတာ ၁ ပတ်လောက်တော့ရှိနေပြီ။
အဖြစ်အများဆုံးအချိန်က ည ၇ နာရီလောက်ကနေ ၈ ခွဲ ၉ နာရီအတွင်းပါ။

အခုတော့ နေ့လယ်ပိုင်းတွေမှာပါ သိသာလာပါပြီ။

-------
Ruijie ဘက်ကဖြစ်တာမို့ သူတို့ဘက်က ဖြေရှင်းပြီးသွားရင်တော့ သူ့အလိုလိုပြန်ကောင်းသွားမှာပါ။

ကျွန်တော်တို့က Ruijie Company နဲ့တော့ ဘာမှမသက်ဆိုင်ဘူးဆိုပေမယ့်
Ruijie နဲ့ပါတ်သက်တဲ့ error တွေကိုတော့ 
အကျိုးအကြောင်း အရင်ဆုံးတင်ပေးနိုင်အောင်တော့ 
ကြိုးစားပေးဖြစ်ပါတယ်။


#timecodemanager #ruijie
Voucher Code တွေ အများကြီးထုတ်ရတဲ့သူတွေအတွက်
Ruijie ရဲ့ Limit ဖြစ်တဲ့
မသုံးရသေးတဲ့ code အရေအတွက်
5000 ရောက်သွားရင်
code အသစ်တွေ ထပ်ထုတ်မရတော့ပြသနာကို
ဖြေရှင်းပေးနိုင်မယ့်
"Delete unused Code" feature.



ကိုယ်ရွေးလိုက်တဲ့ ရက်စွဲရဲ့ အရှေမှာ
Generate လုပ်ခဲ့သမျှ
မသုံးရသေးတဲ့ Code တွေကို ရှာပေးမှာဖြစ်ပြီး
တစ်ကြိမ်ဖျက် အခု ၁၀၀ အထိ ဖျက်ပေးနိုင်ပါတယ်။

-------------
လက်ရှိမှာတော့ ဒီ feature လေးတွေက
လစဉ်ဘေဆောင်ဆားဗစ်အပ်နေကြသူတွေအတွက်
ယုံယုံကြည်ကြည်နဲ့ လက်တွဲမှုကို
ကျေးဇူးတုံ့ပြန်သည့်အနေနဲ့
သုံးခွင့်ရအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ထို့ကြောင့် ကျွန်တော်တို့ထံမှာ
လစဉ််လတိုင်းဘေဆောင်နေတဲ့သူများအနေနဲ့
Facebook Page Message ကနေ
မိမိတို့ လက်ရှိသုံးနေတဲ့
time code manager email လေး
ပို့ပေးထားနိုင်ပါတယ်။

ကျွန်တော်တို့ SVIP အဖြစ်ပြောင်းလဲပေးမှာ
ဖြစ်ပါတယ်။


#ruijievouchermanager
#timeCodeManager
ဒီလအတွက် Starlink Bill
ဂျပန် / ဖိလစ်ပိုင် = 540,000 ကျပ်။

လစဉ် ဘေဆောင်တဲ့သူတွေအနေနဲ့
Time Code Manager App ရဲ့
SVIP Feature တွေကို သုံးခွင့်ရမှာဖြစ်ပါသည်။

—————

#bill ဆောင်ဆက်သွယ်ရန်
Facebook : https://m.me/ruijieapp
@mr_moonrider
+959259411186
Time Code Manager App ဝယ်သုံးထားပြီး
ကျွန်တော်တို့ထံမှာ လစဉ်လတိုင်း
စတားလင့် ဘေဆောင်နေတဲ့ သူတွေအတွက်
သီးသန့် feature အသစ်တွေပါတဲ့
Version Update လေး Playstore မှာ update လုပ်နိုင်ပြီပဲဖြစ်ပါတယ်။

ကျွန်တော်တို့နား လစဉ်လတိုင်း ဘေဆောင်နေတဲ့သူများအနေန
ိလူကြီးမင်းတို့ time code manager မှာ ဝင်သုံးနေတ့ Ruijie Account Email လေးတွေ
Facebook Page ( ဒါမှမဟုတ် )
@mr_moonrider ထံသို့ ကျေးဇူးပြုပြီး ပို့ပေးပါ။

SVIP Member အဖြစ်သို့ပြောင်လဲပေးပါမည်။

App Update :
https://play.google.com/store/apps/details?id=com.neotech.wifivouchermanager

#ruijieVoucherManager
#timeCodeManager
Time Code Manager App ကို
အခုမှစသုံးမယ့်သူတွေအတွက်

Voucher Code နဲ့သုံးနေလား
ဒါမှမဟုတ်
Voucher Code မထည့်ပဲ သုံးနေလား
ဆိုတာကို
ကြည့်နည်း ရှင်းပြထားတဲ့ Video လေးပါ။

#ruijieVoucherManager
#timeCodeManager
Media is too big
VIEW IN TELEGRAM
Ruijie Gateway တွေမှာ VPN နဲ့ကျော်သုံးခံရတာကို ပိတ်ဖို့အတွက်
အရင်လို Browser တွေဖွင့်၊ EWeb ကနေဝင်ပြီး
အဆင့်တွေအများကြီးနဲ့ သွားပြီးလုပ်ရတာမျိုးထိ အလုပ်မရှုပ်တော့ပါဘူး။

နောက်ထွက်လာမယ့် Time Code Manager Update မှာ
ခလုတ်တစ်ချက်နှိပ်ရုံနဲ့
"HTTP injection attack prevention" ကို
လွယ်လွယ်ကူကူ ဖွင့်/ပိတ် လုပ်နိုင်တော့မှာဖြစ်ပါတယ်။

( လက်ရှိမှာတော့ RG-EG105G Gateway တွေမှာ
စမ်းသပ်ပြီးသားဖြစ်ပါတယ် )

စမ်းပြထားတဲ့ video လေးကို
https://www.youtube.com/watch?v=0bBmS5FQexA
မှာသွားရောက်ကြည့်ရှုနိုင်ပါသည်။

--------------
telegram channel : https://t.me/ruijievouchermanager
tiktok : https://www.tiktok.com/@ruijievouchermanager
#ruijievouchermanager
#timecodemanager #ruijie
Back to Top