Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
ကျွန်တော်တို့နား စတားလင့်ဘေဆောင်တဲ့သူတွေအတွက်သာ လုပ်ပေးထားတာပါ။
အခုနောက်ပိုင်း code 5000 ပြည့်သွားလို့
ကုဒ်အသစ်ထုတ်မရတာတွေ ပိုများလာတော့
SVIP ကို ပိုပြီးသတိထား စိတ်ဝင်စားလာကြပါတယ်။
ထိုထဲမှာ တစ်ချို့က ကျွန်တော်တို့နား ဘေဆောင်ချင်ပေမယ့်
အရင်ဆောင်နေကြသူကိုအားနာပြီး မပြောင်းဆောင်တာမျိုးတွေရှိပါတယ်။
အဲ့အတွက် ဘေမဆောင်ပဲ SVIP ထဲက feature ကိုသုံးဖို့လိုအပ်လာရင်
၁ လကို ၅ သောင်းကျပ်ဖြင့် SVIP ပြောင်းလို့ရပါကြောင်း
သတင်းကောင်းပါးလိုက်ရပါတယ်။
----
ကျွန်တော်တို့အနေနဲ့ကတော့
တစ်ဖက်မှာလည်း ဘေဆောင်တာကို ပိုက်ဆံပေးနေရပြီး
တစ်ဖက်မှာလည်း SVIP ကို
အပိုသီးသန့် ၅ သောင်းပေးပြီးသုံးမယ့်အတူတူ
တစ်နေရာတည်းမှာ လစဉ်ဘေဆောင်တာမျိုးနဲ့
SVIP သုံးလို့ရတာ၊ Ruijie နဲ့ပါတ်သက်ပြီး
အပိုအကူညီတွေရယူနိုင်တာတွေက
ငွေကုန်ကြေးကျသက်သာမယ်လို့ထင်ပါတယ်။
ပြီးတော့ အများနည်းတူ အခကြေးငွေယူပြီး
ဘေဆောင်ပေးတာခြင်းအတူတူ၊ ကျွန်တော်တို့မှာ ထူးခြားတာက
ကျွန်တော်တို့နား ဘေဆောင်နေတဲ့သူတွေအတွက် ...
- ruijie နဲ့ပါတ်သက်ပြီး အခက်ခဲတွေကို အမြန်ဆုံး
ဖြေကြားပြီး ကူညီပေးတာ
- ပြီးတော့ Time Code Manager ရဲ့ SVIP Feature တွေသုံးလို့ရတာ
- ဘေဆောင်တာအတွက်လည်း admin role တွေဖြုတ်ခံရတာမျိုးကို
စိုးရိမ်စရာမလိုအောင် Billing role permission သာယူပြီး
ဆောင်ပေးတာတွေ
- လက်ရှိ Time Code Manager App ကိုလည်း ဝယ်သုံးထားသူဦးရေ
၃၀၀၀ နီးပါးရှိနေပြီဖြစ်လို့ ယုံကြည်မှုအတွက်လည်း စိတ်ချရတာတွေ
- Time Code Manager App မှာလည်း ဘေဆောင်ရက်တွေပြပေးထားလို့
ဘေဆောင်ရက် အရမ်းလွန်မှာတွေလည်း စိတ်ပူစရာမလိုတော့ပါဘူး။-------
App ထဲမှာလည်း Bill ဆောင်စျေးနှုန်းကို အမြဲ update လုပ်ပေးနေပါတယ်။
တစ်လနဲ့တစ်လ bill စျေးနှုန်းလည်းအပြောင်းလဲ ရှိနေပါတယ်။
SVIP စလုပ်တုန်းကဆိုရင် 550000 ကနေဘေစဆောင်ပေးခဲ့ပြီး
အခုဆိုရင် 520000 ကျပ်ဖြင့် ဆောင်လို့ရနေပါပြီ။
နောက်ထပ်လဲ စျေးနှုန်းအပြောင်းလဲတွေ အမြဲရှိနေမှာပါ။
---------
Time Code Manager ဝယ်သုံးနေတဲ့ customer တွေရော
လစဉ် ဘေဆောင်ဆားဗစ်အပ်နေတဲ့ customer တွေအားလုံကိုလည်း
ကျေးဇူးအထူးပင်တင်ရှိပါသည်။
TG Channel
https://t.me/ruijievouchermanager
#timecodemanager#ruijieVoucherManager
"Create voucher failed" ဆိုပြီးတော့ အခုလိုမျိုး error ပြလာခဲ့ရင်...
အကြောင်းရင်းကတော့ Ruijie က limit လုပ်ထားတဲ့အတိုင်း
Project တစ်ခုမှာ မသုံးရသေးတဲ့ ဘောက်ချာကုဒ် 5000 ထိဆိုတဲ့
အရေအတွက်ပြည့်သွားလို့ပါ။
( နေ့စဉ် ကုဒ်အသစ်တွေ ထုတ်နေရတဲ့အတွက် စက်တိုင်းနီးပါး ဒီ error ကို
တစ်ချိန်မဟုတ် တစ်ချိန် ကြုံရမှာပါ။ )
အဲ့အတွက် ဖြေရှင်းနည်းကတော့ -
မသုံးရသေးတဲ့ code အဟောင်းတွေကို ရှာဖွေပြီး ပြန်ဖျက်ရမှာပဲဖြစ်ပါတယ်။
ကွန်ပျူတာ၊ ဒါမှမဟုတ် tablet သုံးနေရင်
Ruijie Cloud ကိုဝင်ပြီးတော့
Voucher တွေကို ရက်စွဲအပိုင်းအခြားလေးနဲ့ ရှာပြီးတော့
မသုံးရသေးတဲ့ code အဟောင်းတွေကို ဖျက်လို့ရပါတယ်။
---
Time Code Manager မှာတော့
https://www.facebook.com/share/p/16vjagjRRY/ ထဲကအတိုင်း အလွယ်ဖျက်နိုင်ပါတယ်။
#ruijievouchermanager
#timecodemanager
တစ်ဖက်လူက Admin Role ဖြုတ်လိုက်တာမျိုးကြုံခဲ့ရင်
Admin Role ပြန်ယူလို့ရအောင်
Official support မှာ Ticket ဖွင့်ပြီး ပြန်ယူနည်းလေး
Tutorial လုပ်ပေးနေပါတယ်။
အခုနောက်ပိုင်း
ကိုယ်က admin ပေးထားတဲ့သူ၊
ကိုယ့် admin account ကိုပေးဝင်ထားမိတဲ့သူတွေက
မိမိတို့ကို admin နေရာကနေ ဖြုတ်ချလိုက်ပြီး
ပိုက်ဆံပေးမှ ပြန်ပေးမယ်ဆိုတာမျိုးတွေ ပြန်တွေ့များလာလို့
ကိုယ့်မှာ activate လုပ်တုန်းက အချက်အလက်တွေအစုံရှိထားရင်
ကိုယ်တိုင် admin ပြန်ယူလို့ရတဲ့နည်းလေး
လုပ်ပေးဖို့ စိတ်ကူးရသွားတာပါ။
မကြာခင် တင်ပေးနိုင်အောင်ကြိုးစားပေးပါမည်။
Starlink Account Admin Role
ဖြုတ်ခံလိုက်ရတဲ့စက်လေး
Info အစုံနဲ့ Activate လုပ်တုန်းက
email ရှိထားတော့
Support ကနေသွားပြောလိုက်တာ
၃ ရက်အတွင်း Admin ပြန်ရသွားတယ်။
စက်ပိုင်ရှင်ကိုယ်စား ဝမ်းသာမိပါတယ်။
မဟုတ်ရင် တစ်ဖက်က Admin ကိုင်ထားတဲ့သူတောင်းတဲ့စျေးအတိုင်း ပေးနေရတော့မှာ။
အဓိကတော့ ဘေဆောင်တဲ့အချိန် admin account ပေးပြီးမဆောင်ပဲ billing role နဲ့သာဆောင်စေချင်ပါတယ်။
ကိုယ်ရင်းနှီးစိတ်ချရတဲ့သူဆိုရင်တော့ တစ်မျိုးပေါ့။
ဒါတောင် အခုနောက်ပိုင်း ရင်းနှီးတဲ့သူတွေကလည်း လုပ်သွားတာတွေရှိတယ်။
သူတို့နားဘေမဆောင်တော့ပဲ အခြားနေရာပြောင်းဆောင်တာကို မကြိုက်တာကြောင့်လည်းပါမယ်ထင်ပါတယ်။ဂရုစိုက်ဖို့အတွက်ပါ။
ကျွန်တော်တို့ကတော့ ဘေဆောင်တာရှင်းပါတယ်။
Billing Role နဲ့ ဦးစားပေးဆောင်ပေးပါတယ်။
အရှုပ်အရှင်းကင်းကင်းနဲ့ နှစ်ဦးနှစ်ဖက် စိတ်ချရအောင်ပါ။
ပြီးတော့ ရေရှည်လက်တွဲသွားဖို့အတွက်က စိတ်ချရဖို့လိုပါတယ်။
( မှတ်ချက်။ ။ Admin account ပြန်ယူပေးတဲ့ဆားဗစ်မျိုး
သီးသန့်ကျွန်တော်တို့နားမရှိသေးပါဘူးဗျာ။ တစ်ခါတစ်လေ
ကိုယ်အားတဲ့အချိန်လေးလောက်မှ လုပ်ပေးဖြစ်တာမျိုးပါ။ )
——————-
Bill ဆောင်စျေးနှုန်း
- ဖိလစ်ပိုင် - 520000
- ဂျပန် - 520000
- အာဂျင်တီးနား - 380000
( Bill ဆောင်တဲ့သူတိုင်းအတွက် Time Code Manager မှာ SVIP Member အဖြစ်ရရှိဦးမှာဖြစ်ပါသည်။ )
Promotion ရသွားတဲ့သူတွေအတွက်ကတော့
ဖိလစ်ပိုင် / ဂျပန် - 420000 ပဲကျပါတော့မည်။
————-
ဘေဆောင်ရန်။
စတားလင့်ရဲ့ ဘေစျေး 20% off လုပ်နည်းလေးပါ။
မိမိအကောင့်က Admin Access ဖြစ်ထားရပါမယ်။
- Subscription ထဲဝင်ပြီးတော့ မိမိရဲ့ subscription ကိုထပ်ဝင်ပါ။
- အထဲရောက်ရင် Service Plan ဆိုတဲ့နေရာမှာ Manage နှိပ်ပြီးတော့
Cancel Current Plan ကိုရွေးပါ။
- မေးလာတဲ့ မေးခွန်းတွေကြိုက်ရာရွေးပြီးတော့
Cancel And Continue ပဲ ဆက်တိုက်သာနှိပ်သွားလိုက်ရင်
Your service is scheduled to end on ဆိုတဲ့ စာသားအပြာရောင်လေး
ပေါ်လာရင် ရပါပြီ။
- Email ထဲမှာလဲ Schedule Service End ဆိုပြီး ဝင်လာပါမယ်။
( ဒီအတိုင်းထားလို့ရပါတယ်။ ဘာမှလုပ်စရာမလိုပါဘူး )
- နောက်ထပ် ၁ နာရီကျော်ကျော်လောက်မှာ 20% Off လိုမျိုးနဲ့
Email ဝင်လာပြီဆိုရင်တော့ 20% Off Promotion ရသွားပြီပဲဖြစ်ပါတယ်။
အဲ့ဒီ Email ဝင်လာပြီးရင်တော့ ခုဏက Subscription မှာပဲ
Resume ပြန်လုပ်ထားလိုက်ရင်ရပါပြီ။
လက်ရှိ ဖိလစ်ပိုင် ၊ ဂျပန် စမ်းထားတာ အဆင်ပြေပါတယ်။
ဒီနည်းကတော့ သူတို့ရဲ့ bot စနစ်ကို trigger လုပ်လိုက်တဲ့လိုမျိုးပါ။
သူတို့ဘက် သိသွားရင်တော့ promotion ပိတ်တာ၊
လိုင်းပိတ်တာ၊ id တောင်းခံရတာမျိုး ဒါမှမဟုတ်
အခုလိုမျိုးလုပ်လို့မရတော့တာတွေတော့ ကြုံနိုင်ပါတယ်။
ထို့အတွက် do at your own risk ပါ။
အခုပြောထားတဲ့အဆင့်တွေက
Starlink Website ထဲမှာဝင်လုပ်ထားတဲ့အဆင့်တွေပါ။
App နဲ့ဆိုရင်တော့ အနည်းငယ် ကွာနိုင်ပါသည်။
အားလုံပဲအဆင်ပြေကြပါစေ။
#ruijieVoucherManager
#timeCodeManager
Japan Region တွေပါ
စျေးသက်သက်သာသာနဲ့ ဆောင်လို့ရသွားပါပြီ။
နောက်လတွေဆိုရင် 4 သိန်းကျော်ပဲကျမယ့် အလုံးလေးတွေပေါ့ဗျာ။
——————-
Bill ဆောင်စျေးနှုန်း
- ဖိလစ်ပိုင် - 530000
- ဂျပန် - 530000
- အာဂျင်တီးနား - 380000
( Bill ဆောင်တဲ့သူတိုင်းအတွက် Time Code Manager မှာ SVIP Member အဖြစ်ရရှိဦးမှာဖြစ်ပါသည်။ )
Promotion ရသွားတဲ့သူတွေအတွက်ကတော့
ဖိလစ်ပိုင် / ဂျပန် - 420000 ပဲကျပါတော့မည်။
————-
ဘေဆောင်ရန်။