Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
သီးသန့် App လေးတစ်ခု ထပ်လာပါမည်။
အဓိကတော့ VPN ကျော်သုံးတာဖြစ်ဖြစ်၊
အခြားနည်းနဲ့ပဲကျော်သုံးတာဖြစ်ဖြစ်၊
ဒါမှမဟုတ်
အချိန်ပြည့်သွားလို ဆက်သုံးလိုရနေသေးတယ်လို
သတိထားမိရင်လဲ
အရင်လို Block မလုပ်တော့ပဲ
နောက်တစ်နည်းနဲ့ တားဆီးနိုင်မယ့် App လေးပါ။
( block လုပ်တာက အခုနောက်ပိုင်းဖုန်းတွေမှာ random mac address ပါလာတဲ့အတွက်
နောက်ထပ် အသစ်တွေနဲ့ အမြဲ ပြန်ချိတ်လိုရနေမှာပါ။
အဲ့အတွက် block ကိုမသုံးတော့ပဲ နည်းတစ်ခုနဲ့တားဆီးပါမည်။ )
#timeCodeManager
#ruijieVoucherManager
မိမိတိုစက်ကို ဘေဆောင်ပေးလိုက်တဲ့ အချိန်အတိအကျကိုပုံထဲကစာသားအတိုင်း ရိုက်ထည့်ပြီး
Table View လေးနဲ့ ပြပေးအောင် Info ထုတ်ခိုင်းလိုရပါတယ်။
အခုနောက်ပိုင်းက ဘေဆောင်တဲ့အချိန်မှာ
default payment ကို ကိုယ့်ကဒ်ကို save မလုပ်တော့ပဲနဲ့
direct payment နဲ့သုံးကြတာမို
အရင်ထည့်ထားတ့ဲကဒ်နဲ့က အခန့်မသင့်ရင် အငြင်းပွားဖွယ်တွေ ကြုံလာခဲ့ရင်
အခုလို ဘေဆောင်လိုက်တဲ့အချိန် ( captured ) အတိအကျ ( Date / time / seconds ) အထိ ဖော်ပြပေးပါတယ်။
စတားလင့်ဘက်က ထုတ်ပေးလာတဲ့ အချိန်နဲ့
တစ်ဖက်က ဆောင်ပေးတဲ့သူရဲ့ ကဒ်ကနေ ငွေနုတ်သွားတဲ့ အချိန်က တူညီနေမှသာ ဆောင်ပြီးကြောင်း ( ငွေနုတ်သွားကြောင်း ) သေချာတာပါ။
အချိန်က လုံး၀မလွဲရပါဘူး။
(ကိုယ့်ကဒ်ထဲက နုတ်သွားတယ်၊ သူ့ကဒ်ထဲက နုတ်သွားတယ်ဆိုပြီး အငြင်းပွားစရာမလိုတော့ပဲ
အချိန်နဲ့သာ တိုက်စစ်လိုက်ရင် အဖြေထွက်လာပါလိမ့်မည်။ )
ဒါက နိုင်ငံတကာ exchange တို၊ banking တိုကအစ သုံးနေကြတဲ့ စနစ်ဖြစ်ပါတယ်။
Chat Message bot က ဘေတင်ပဲ ထုတ်လို့ရတာဆိုတော့မဟုတ်ပါဘူး။
အခြား info တွေလဲ ကိုယ်စိတ်ကူးရှိသလို ထုတ်ခိုင်းလို့ရပါသေးတယ်။
Json data ထုတ်ပေးနိုင်တာကတော့ အလန်းပါပဲ။
request limit ကြီးပဲပေါ်နေတယ်ဆိုပြီး ဘာကြောင့်လဲဆိုပြီး လာမေးကြတာတွေရှိနေပါသေးတယ်။
ထို့အတွက် voucher code ထည့်တဲ့အချိန်
request limit သက်သာအောင်ရယ်၊
ruijie ဘက်ကအသစ်ပြင်ဆင်ပေးထားတဲ့ captcha စနစ်ဖြစ်အောင်အတွက်
Portal Page အသစ်တစ်ခုလေး ပြန်လည်တည်ဆောက်ဖို့လိုပါတယ်။
ကိုယ်တိုင်အသစ်ပြန်လုပ်တာ ( သို့မဟုတ် )
မိမိတို့ project ကို တည်ဆောက်ပေးထားတဲ့ ဆားဗစ်ဆရာကိုပြောပြီးတော့
Portal စာမျက်နှာအသစ်လေးတစ်ခု တည်ဆောက်လိုက်ရင်ရပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ။
#timecodemanager
#ruijieVoucherManager
Ruijie နဲ့တော့ မဆိုင်ပေမယ့့််
Facebook ဘက်က server down နေပါတယ်
ထို့အတွက် Facebook ဝင်သုံးလို့မရတောတွေဖြစ်နေပါတယ်။
App ပြန်ဖျက် ပြန်သွင်းတာတွေလုပ်နေကြမိမှာစိုးလို့။
#timeCodeManager
Facebook ဘက်က server down နေပါတယ်
ထို့အတွက် Facebook ဝင်သုံးလို့မရတောတွေဖြစ်နေပါတယ်။
App ပြန်ဖျက် ပြန်သွင်းတာတွေလုပ်နေကြမိမှာစိုးလို့။
#timeCodeManager
နောက်ထပ် ခေါင်းကိုက်စရာတစ်ခုက ထပ်ပေါ်လာတယ်။
အဲ့ဒါကတော့ roam unlimited plan အစား အခြား ဘယ် plan တွေသုံးရမလဲဆိုတာပါ။
စတားလင့်ဘက်က policy ပြောင်းပြီးနောက်၊ တစ်ချို့ cancel service လုပ်ထားတဲ့စက်တွေမှာ
resume ပြန်လုပ်ရင် roam unlimited plan မရှိတော့တာတွေ တွေ့ရပါတယ်။
ROAM Unlimited Plan သာ မရှိတော့ရင် wifi လုပ်ငန်းလုပ်နေတဲ့သူတွေအတွက်က ဘယ်လိုမှအဆင်ပြေမှာမဟုတ်တော့ပါဘူး။
ဆိုတော့ လက်ရှိမှာ roam unlimited plan လဲရထားပြီး၊ promotion ရချင်လို့ဆိုပြီး cancel service တွေလုပ်တာမျိုး ရှောင်သင့်တယ်လို့ထင်ပါတယ်။
cancel service လုပ်ပြီးလို့ resume ပြန်လုပ်တဲ့အချိန် roam unlimited သာပြန်ပြောင်းမရရင်တော့
စျေးကြီးတဲ့ plan ပဲပြောင်းမလား၊ ဒါမှမဟုတ် 100GB Limit Plan ပဲသုံးမလားဆိုတဲ့ ရွေးစရာမျိုးပဲ ဖြစ်သွားနိုင်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
အရင်လို ညပိုင်း ၇ နာရီကနေ ၉ နာရီအတွင်းမှာ နှေးသွားတာမျိုးတွေ
ကြုံရသေးလားခင်ဗျ။
ပြီးတော့
voucher brute force ( voucher ခိုးခံရတာတွေလဲ )
တော်တော်သက်သာသွားပါပြီ။
အရင်က လက်ကျန် ခိုးခံရတုန်းက ပါသွားတဲ့ဟာတွေလောက်နဲ့ပဲ
ဝင်သုံးလို့ရတော့မှာပါ။ အဲ့ဒါကလဲ အရင်အဟောင်းတွေကို ဖျက်ပစ်လိုက်ရင်
ဘာမှလုပ်မရတော့ပါဘူး။
အားလုံးပဲအဆင်ပြေကြပါစေ။
#timecodemanager
#ruijieVoucherManager
Viber Channel လေးထဲမှာ တင်ပေးထားပါသည်။
https://invite.viber.com/?g2=AQBHbuBTB82jbVTVUhfTujcRyOn6LV15zssZtruY2ACB1CqN0Fplve0Ci3Koa97Z
Facebook သိပ်မသုံးတဲ့သူတွေအတွက်
Ruijie Voucher Manager ( Time Code Manager ) ရဲ့ Viber Channel လေးကို Join ထားနိုင်ပါသည်။
https://invite.viber.com/?g2=AQBHbuBTB82jbVTVUhfTujcRyOn6LV15zssZtruY2ACB1CqN0Fplve0Ci3Koa97Z
Ruijie Voucher Manager ( Time Code Manager ) ရဲ့ Viber Channel လေးကို Join ထားနိုင်ပါသည်။
https://invite.viber.com/?g2=AQBHbuBTB82jbVTVUhfTujcRyOn6LV15zssZtruY2ACB1CqN0Fplve0Ci3Koa97Z
ဒီရက်ပိုင်း Voucher Code ထည့်တဲ့အချိန် ပေါ်လာတဲ့ စာလုံး (4)လုံးနဲ့ ပုံကို
error ဆိုပြီး ထင်ကြတာများပါတယ်။
တကယ်က အဲ့ဒါက error မဟုတ်ပါဘူး။
လူကြီးမင်းတို့ wifi တွေမှာ voucher code တွေ ခိုးသုံးခံနေရတာကို
ကာကွယ်ဖို့အတွက် လုံခြုံရေးစနစ်တစ်ခု ထည့်ပေးလိုက်တာမျိုးပါပဲ။
အဲ့လိုမျိုး စာလုံး (၄)လုံးနဲ့ပေါ်လာရင် ပုံထဲကအတိုင်း စာလုံး (၄)လုံး ကို မှန်အောင်ရိုက်ထည့်လိုက်ပြီးရင်
voucher code ကို ပြန်ထည့်လို့ရပြီပဲဖြစ်ပါတယ်။
( အရင်ကဆိုရင် request limit ဖြစ်တာနဲ့ ၅ မိနစ်လောက်စောင့်ရပါတယ်။
အခုတော့ အဲ့ဒီလိုမစောင့်ရတော့အောင် အခုစနစ်လေးနဲ့ပြင်ဆင်လိုက်တာဖြစ်ပါတယ်။ )
အဓိကတော့ voucher code ထည့်တဲ့အချိန်မှာ
မှန်အောင်ထည့်ပေးဖို့အဓိကလိုအပ်ပါတယ်။
( တစ်ချို့က keyboard တွေကြောင့် အရှေ့စာလုံးအကြီးတွေဖြစ်ပြီး
ကိုယ်ရိုက်ထည့်ထားတာ မှန်လား မမှန်လား သေချာမစစ်မိပဲ
မှားနေတဲ့အတိုင်း Login ပဲဆက်တိုက်နှိပ်နေတာကြောင့်လဲ
ဝင်မရတာတွေရှိပါတယ်။ )
--------
BTW : Ruijie ဘက်က လုံခြုံရေးစနစ်အသစ်ပြောင်းလိုက်တော့
အရင် Portal ဒီဇိုင်းအလှလေးတွေက အဆင်မပြေတော့ပဲ
အသစ်တဖန်ပြန်လုပ်ရပါတော့တယ် :D
Comment ထဲမှာ file တင်ပေးထားပါတယ်။
#timeCodeManager
#ruijieVoucherManager
request limit ဆိုပြီးတော့ အနီရောင်စာသားနဲ့ ပေါ်လာတာကို
ဖြေရှင်းပေးထားတဲ့ captcha verification လေး ပါလာပါတယ်။
အရင်ကဆိုရင် ၇ ကြိမ် ၈ ကြိမ်လောက် ဆက်တိုက်မှားတာနဲ့
request limit ဆိုပြီးတော့ နောက်ထပ် ထပ်ပြီးထည့်လို့မရတော့ပါဘူး။
၅ မိနစ်လောက်ထပ်စောင့်မှသာ ပြန်ထည့်လို့ရတာပါ။
အခုတော့ အဲ့လို မှားတာများသွားပြီး request limit စပေါ်တာနဲ့
နောက်တစ်ကြိမ်မှာ အခုပုံထဲလိုမျိုး Captcha Verification ဆိုပြီးတော့
code ထည့်သုံးနေတဲ့သူက တကယ်ပဲမှားနေတာလား၊ ဒါမှမဟုတ်
bot/ script သုံးပြီး voucher code ခိုးသုံးဖို့ကြံနေတာလားကို တားဖို့နဲ့ သိဖို့
ပြန်စစ်တာ ပါလာပါတယ်။
ပုံထဲမှာပေါ်တဲ့ စာသားအတိုင်းရိုက်ထည့်ပြီး မှန်သွားတာနဲ့
အရင်လို request limit ကိုထပ်စောင့်စရာမလိုတော့ပဲ
voucher အမှန်ကို ပြန်ရိုက်ထည့်ပြီး ဝင်နိုင်သွားပါတယ်။
သူတို့ ဒီလိုပြောင်းလဲလိုက်တာကလဲ
voucher code ခိုးသုံးတာကို ကာကွယ်ဖို့ဖြစ်ဖို့များပါတယ်။
ပြီးတော့ code ထုတ်တဲ့သူတွေအနေနဲ့လဲ
ခိုးသုံးရခက်သွားအောင် ကုဒ်တွေကို
စာလုံး ၇ လုံးနှင့် အထက်ထုတ်ပြီး သုံးဖို့လိုပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
တစ်နေ့က တင်လိုက်တဲ့တစ်ခုဆိုရင် ai ကိုပြင်ခိုင်းပြီးတော့ ထွက်လာတဲ့အတိုင်းတင်လိုက်တာ
gemini logo ကြီးတောင်ပါသွားတယ်
ဒါလဲ အောင်သွားတာပဲ
အဓိကတော့ စစ်တဲ့သူနဲ့ပဲဆိုင်သွားတာပါ
တစ်ချို့လဲ ၃ ၄ ကြိမ်လောက်တင်လိုက်မှအောင်သွားတာတွေရှိပါတယ်
အဲ့အတွက် blocked မဖြစ်မချင်းက တင်စမ်းလို့ရပါတယ်
id မတင်ထားသေးတဲ့စက်တွေရော
တင်ထားပြီး block ဖြစ်သွားတဲ့စက်တွေရော
အခုထိ လိုင်းမပိတ်ခံရသေးဘူး...
( သူတို့ကြေငြာထားတာတော့ ပိတ်မယ်လို့ရေးထားတဲ့အတွက်
အချိန်တစ်ခုရောက်ရင်တော့ ပိတ်မယ်ထင်ပါတယ်... )
ဆိုလိုတာက ဘယ်သူက ဘာဖြစ်မယ်ဆိုတာ သေသေချာချာမသိနိုင်ကြပါဘူး...
သို့ပေမယ့် လိုင်းပေါ်မှာ ဟိုတစ်ပေါက် ဒီတစ်ပေါက်နဲ့ တင်နေတာတွေကို
တွေ့ကြပြီး အလုပ်တွေပိုရှုပ်ကုန်ကြတာပါ...
Global Plan ပြောင်းသွားမယ်ဆိုပြီး စျေးတက်တော့မယ်တွေရော..
အစုံပါပဲ...
ဆိုတော့ ID တင်တဲ့အပိုင်းကိုပြန်သွားရမယ်ဆိုရင်
ID တင်ဖို့အတွက်က
- အမည်မှန်ရင် ပုံမှန်အတိုင်း တင်လိုက်ရုံပါပဲ
- အမည်မမှန်ဘူး၊ အကောင့်လဲ မပြောင်းချင်ဘူးဆိုရင်တော့ fake လုပ်ပြီး
တင်ကြပါတယ် ( အခုနောက်ပိုင်းတော့ အောင်မြင်နှုန်းကတော့ နည်းလာတာတွေ့ရပါတယ် )
- အမည်လဲ မမှန်ဘူး၊ fake နဲ့လဲမတင်ချင်ဘူး၊ ကိုယ့်မှာလဲ PP အမှန်ရှိတယ်ဆိုရင်တော့
Transfer -> Activate ကို PP ထဲက အမည်မှန်နဲ့ လုပ်လိုက်ရုံပါပဲ
( ၁ လစာဘေတော့ ထပ်ကုန်တာပေါ့ )
ပြီးရင်တော့ id ထပ်တောင်းလာရင်လဲ အမှန်ရှိထားတာမို့ တင်လိုက်ရုံပါပဲ။
အားလုံးပဲအဆင်ပြေကြပါစေ။
အဲ့ဒီ Project တွေမှာ ထုတ်ထားတဲ့ voucher code တွေက
project တိုင်းမှာ လှည့်ပတ်ပြီး သုံးလို့ရတာတွေရှိပါတယ်...
နမူနာအနေနဲ့ ပုံထဲမှာဆိုရင်
Project A မှာ ထုတ်ထားတဲ့ Voucher Code တွေက
Project B , C , D ထဲက wifi တွေမှာ ထည့်သုံးလို့ရပါတယ်...
ပုံမှန်ကတော့ gateway sn / gateway id နဲ့ portal ကိုခွဲထားတာဖြစ်လို့
သုံးလို့မရရဘူး ဖြစ်ရမှာ ဆိုပေမယ့်
ကျွန်တော်စမ်းကြည့်မိတဲ့အချိန်တိုင်းမှာက သုံးလို့ရနေတဲ့အတွက်
သိထားသင့်တယ်ထင်လို့ တင်ပေးလိုက်တာပါ...
တစ်ချို့တွေက လာမေးကြတာရှိတယ်...
voucher code နဲ့တော့ ဝင်သုံးနေတာမှန်တယ်
ဒါပေမယ့် အဲ့ဒီ code ကို ကိုယ့် project မှာ ရှာလိုက်ရင်
မရှိဘူးဆိုတာမျိုးတွေက
အခုလိုမျိုး အကောင့်တစ်ခုအောက်ထဲမှာ project တွေများများပြီး
voucher code တွေရောသွားတာကြောင့်လဲ ဖြစ်တတ်ပါကြောင်း...
အကောင့်တစ်ခု project တစ်ခုပဲသုံးမလား
အကောင့်တစ်ခု project အများကြီးပဲ ထည့်ထားမလားဆိုတာတော့
ကိုယ်တိုင်ပဲဆုံးဖြတ်ပါ...
အားလုံးပဲအဆင်ပြေကြပါစေ...
#ruijieVoucherManager
#timecodemanager
Admin account ကို technical read only ပြောင်းခံလိုက်ရတဲ့ စက်။
https://t.me/ruijievouchermanager/561
စတားလင့် ဆားဗစ်ထဲဝင်လိုက်ရတော့မလား :D
စတာပါ။
တကယ်ကတော့ ဆားဗစ်လို့မခေါ်ပဲ
စတားလင့်နဲ့ စာပေး စာယူ လို့သုံးနှုန်းတာ ပိုကောင်းပါတယ်။
စတားလင့်မှာက ဘယ်သူမှ အကုန်သိတယ်၊ လုပ်လို့ရတယ်ဆိုတာမျိုးမရှိပါဘူး။
အကုန်လုံးက support ဘက်က ဖြေရှင်းပေးတဲ့ လူကောင်းနဲ့သာ တွေ့ဖို့လိုတာပါ။
ပြီးတော့ ရသွားတာကိုပဲ တင်ကြတာပါ၊ မရပဲ ပစ်ထားရတဲ့ စက်တွေကိုတော့ မရကြောင်း မတင်ကြပါဘူး။
ကျွန်တော်ဆိုလဲ ကူညီပေးဖူးတဲ့အထဲမှာ မရတာတွေလဲ ရှိပါတယ်။
ဘာမှကို လုပ်မရတော့တာပါ။
ဆိုတော့ စက်ပိုင်ရှင်များအားလုံး သိက္ခာရှိတဲ့ လူကောင်းတွေနဲ့ပဲ တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
https://t.me/ruijievouchermanager/561
စတားလင့် ဆားဗစ်ထဲဝင်လိုက်ရတော့မလား :D
စတာပါ။
တကယ်ကတော့ ဆားဗစ်လို့မခေါ်ပဲ
စတားလင့်နဲ့ စာပေး စာယူ လို့သုံးနှုန်းတာ ပိုကောင်းပါတယ်။
စတားလင့်မှာက ဘယ်သူမှ အကုန်သိတယ်၊ လုပ်လို့ရတယ်ဆိုတာမျိုးမရှိပါဘူး။
အကုန်လုံးက support ဘက်က ဖြေရှင်းပေးတဲ့ လူကောင်းနဲ့သာ တွေ့ဖို့လိုတာပါ။
ပြီးတော့ ရသွားတာကိုပဲ တင်ကြတာပါ၊ မရပဲ ပစ်ထားရတဲ့ စက်တွေကိုတော့ မရကြောင်း မတင်ကြပါဘူး။
ကျွန်တော်ဆိုလဲ ကူညီပေးဖူးတဲ့အထဲမှာ မရတာတွေလဲ ရှိပါတယ်။
ဘာမှကို လုပ်မရတော့တာပါ။
ဆိုတော့ စက်ပိုင်ရှင်များအားလုံး သိက္ခာရှိတဲ့ လူကောင်းတွေနဲ့ပဲ တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အကောင့်က အမည်နဲ့ မတူဘူးဆိုရင်
support ကိုသွားပြီး အကောင့်အမည်သွားပြောင်းခိုင်းကြည့်တာ အဆင်ပြေသွားတယ်။
အဲ့လို အမည်ပြောင်းလို့ရသွားတော့
အပြင်က passport အမှန်နဲ့ ID Verification တင်လို့ရသွားရော။
အကောင့်အဟောင်းနဲ့ပဲဆိုတော့
promotion လဲ မပျက်တော့ဘူး၊ ပြီးတော့ ရက် ၉၀ ပြည့်ထားတာလဲ အသစ်ပြန်မဖြစ်တော့
တစ်ခုခု error ရှိခဲ့ရင်တောင် transfer လုပ်လို့ရနေဦးမှာ။
#