Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
VPN ကျော်သုံးနေတဲ့သူကို Block လုပ်ပေမယ့်
ထပ်ပြီး ပြန်ချိတ်ခံနေရတယ်ဆိုတဲ့ အကြောင်းအရင်း
-------------------
ချိတ်ထားတဲ့ ဖုန်းတစ်လုံးကို VPN ကျော်သုံးထားတယ်ထင်လို့ Block လုပ်လိုက်တယ်။
( Time Code Manager ကပဲဖြစ်ဖြစ်၊ သူ့ Official App ကပဲဖြစ်ဖြစ် Block လိုက်တယ် )

ဒါပေမယ့် မကြာဘူး အဲ့ဒီဖုန်းအမည်နဲ့ ထပ်ချိတ်လာပြန်ရော။

ဒီနေရာမှာ ကျွန်တော်တို့ Time Code Manager App ကနေ Block လုပ်တဲ့သူတွေအနေနဲ့ကတော့ Block လုပ်တာ အဆင်မပြေဘူး၊ ထိထိရောက်ရောက်မဖြစ်ဘူးပေါ့ ဆိုပြီး ထင်ကြတယ်။

( တကယ်က ကျွန်တော်တို့ App မှာပါတဲ့ Block Feature က Ruijie ရဲ့ App ကအတိုင်းပဲ အလုပ်လုပ်တာပါ။
- Block လုပ်လိုက်လို့ Blacklist Device ထဲမဝင်သွားရင်တော့
ကျွန်တော်တို့ App Error ဖြစ်တာပါ။
- Blacklist Device ထဲရောက်ရဲ့သားနဲ့ ပြန်ချိတ်ခံနေရတယ်ဆိုရင်တော့
Ruijie Wifi ဘက်က Block မလုပ်နိုင်တော့တာရယ်၊
ဖုန်းမှာ feature တစ်ခု သုံးထားလို့ပါ။
( အဲ့ဒီ ဖုန်းမှာပါတဲ့ Feature ကိုတော့ ကျွန်တော်မပြောပြတော့ပါဘူး၊
လူတိုင်း အဲ့ဒီ feature သိသွားရင် ဘယ် wifi router မှ Block မနိုင် ဖြစ်သွားနိုင်တာမို့ပါ။ )


ဒါကြောင့်
- Block လုပ်လိုက်တယ်၊ Blacklist Devices ထဲမှာမပေါ်လာဘူးဆိုရင်
ကျွန်တော်တို့ App Error ဖြစ်တာများပါတယ်။
အဲ့အတွက် ကျွန်တော်တို့ကို ဆက်သွယ်ပေးပါ၊ ကူညီဖြေရှင်းပေးပါမယ်။

- Block လုပ်လိုက်တယ်၊ Blacklist Deivces ထဲလဲ ရောက်တယ်။
ဒါပေမယ့် ပြန်ချိတ်သုံးနေတယ်လို့ တွေ့ရင်တော့ ဘာမှမလုပ်မရတော့ပါဘူး။
( အဲ့ဒီ Device ကို Speed Limit လုပ်လိုက်တာမျိုးပဲ ကျန်ပါတော့မယ်။ )


အားလုံးကိုကျေးဇူးတင်လျက်
#ruijievouchermanager
#timecodemanager
Ruijie Gateway / AP တွေက ဘောက်ချာကုဒ်တွေကို
ဖုန်းကနေပြီး ဒီလို Portable Printer လေးတွေနဲ့ လွယ်လွယ်ကူကူ ထုတ်လို့ရနိုင်ခဲ့မယ်လို့ မထင်ခဲ့ဘူး။

ကွန်ပျူတာနဲ့ Printer ကြီးတွေနဲ့ပဲ
ထုတ်လို့ရတယ်ဆိုတာပဲ သိခဲ့တာ။

ဒါပေမယ့်
Ruijie Voucher Manager
( Time Code Manager ) App ဖန်တီးပြီးသွားတဲ့နောက်မှာတော့
ကွန်ပျူတာမလို / Printer ကြီးတွေမလိုပဲ
Bluetooth Portable Printer တွေနဲ့
ဖုန်းကနေ သာသာယာယာ Print ထုတ်နိုင်ခဲ့ပါတယ်။

Read more :
https://www.facebook.com/share/p/16pkkSc4MB/
Ruijie တရုတ် market အလုံးတွေအတွက်
Voucher Code System မရဘူးလားဆိုပြီး လာမေးကြတဲ့သူတွေများလို့
ကျွန်တော် Ruijie China Cloud MACC ကိုဝင်ပြီး လေ့လာကြည့်ဖြစ်ပါတယ်။
( ဘာလို့ Ruijie China Cloud ကိုဝင်လေ့လာတာလဲဆိုရင် Ruijie တရုတ်အလုံးတွေက
Global Cloud မှာ လုံး၀ အလုပ်မလုပ်ပါဘူးဗျာ )

China MACC Cloud ထဲမှာတော့ Captive Portal Config ပါပါတယ်။
သို့ပေမယ့် ကျွန်တော်တို့ Global Cloud မှာ သုံးနေကြတဲ့ User Management ပိုင်း ( Voucher Code ) မပါဝင်ပါဘူး။

သူ့မှာပါတာက ပုံထဲအတိုင်း
- Security Questions / One Click Login တို့ / Fixed Account စတဲ့အရာတွေလောက်ပဲ ပါတာဖြစ်ပါတယ်။

Fixed Account နဲ့သုံးချင်ရင်တော့ ရပေမယ့်
username / password တွေ အသစ်လုပ်ရတဲ့ process က အဆင်သိပ်မပြေချင်ဘူး။
( Global Cloud သုံးနေကြမို့လည်း ပါမယ်ထင်ပါတယ်။ )

ဒါကြောင့် လက်ရှိမှာတော့ Ruijie တရုတ် အလုံးတွေအနေနဲ့
Cloud ရပြီး၊ Voucher Code System အတွက်က အဆင်ပြေဖို့ မလွယ်နိုင်သေးပါဘူး။

နောက်ဆုံး မဖြစ်မနေသုံးချင်တာဆိုရင်တော့
External Captive Portal Server တွေနဲ့ပဲ ချိတ်ပြီးသုံးတာမျိုးတော့ မဆိုးပါဘူး။

( တစ်ချို့က Global Firmware တင်မှာပေါ့ဆိုပြီး ပြောကြပါတယ်။
Ruijie Cloud က Firmware ထက်၊ SN နဲ့ အဓိက ခွဲထားတာမို့ မထူးခြားနိုင်သေးပါဘူး။ )

#ruijieVoucherManager
#timeCodeManager
Omada Voucher Manager ( TP Link ) App လေး
စမ်းသပ် အသုံးပြုခွင့်ကို ပိတ်လိုက်ပါပြီ။
စမ်းသုံးပေးတဲ့သူတိုင်းကို ကျေးဇူးတင်ရှိပါတယ်။
App သီးသန့် ထုတ်ရောင်းဖြစ်ရင်
စျေးနှုန်းနှင့်တကွ သီးသန့် Post တင်ပေးပါမည်။
ကျေးဇူးတင်လျက်
#ruijieVoucherManager
#timeCodeManager
ဒီတစ်ခေါက် Time Code Manager Update မှာ
Print Settings ရဲ့ ဒုတိယ line မှာ
ဝယ်သုံးထားတဲ့ Ruijie Cloud Account က
ကြိုက်တဲ့ Printer နဲ့တွဲလို့ရနိုင်လား / မရနိုင်လားကို
ပြပေးထားမှာဖြစ်ပါတယ်။

( Printer : Unlimited ) ပေါ်နေရင် မည်သည့် printer နဲ့မဆိုအသုံးပြုနိုင်ပါသည်။
လက်ရှိအချိန်ထိ ဝယ်ယူထားတဲ့ သူမှန်သမျှ အကုန် Unlimited ပါ )

unlimited မဟုတ်နေတဲ့အကောင့်တွေဆိုရင်တော့
ကျွန်တော်တို့ ရောင်းပေးတဲ့ printer
ဒါမှမဟုတ်
ကျွန်တော်တို့နဲ့ လက်တွဲထားတဲ့ printer reseller ထံတွေက printer မဟုတ်ရင် ချိတ်သုံးလို့ရတော့မှာမဟုတ်ပါဘူး။

#timeCodeManager
#ruijieVoucherManager
Ruijie RG Series Gateway တွေမှာ VPN ပိတ်ပေးတယ်ဆိုတဲ့
http injection ဖွင့်နည်းလေးကို
Ruijie Voucher Manager App Group ထဲမှာ
လုပ်နည်း Video လေးတင်ပေးထားပါပြီ။
Ruijie Voucher Manager ( Time Code Manager ) ဝယ်သုံးထားသူများ
https://www.facebook.com/groups/ruijievouchermanagergroup/
အခု Group မှာ မိမိတို့ ဝယ်သုံးထားတဲံ ruijie account email လေးထည့်ပြီး join ထားနိုင်ပါသည်။
Admin တွေဘက်က စစ်ပြီးတော့ Approve လုပ်ပေးပါလိမ့်မည်။
#ruijievouchermanager
#timecodemanager
TP Link နဲ့ voucher code စနစ်သုံးနေတဲ့သူတွေအတွက်
Omada Voucher Manager လေးစမ်းသုံးလိုရအောင် တင်ပေးလိုက်ပါတယ်။

Ruijie Voucher Manager လိုပဲ
ဖုန်းနဲ့ bluetooth printer နဲ့ချိတ်ပြီး အလွယ်တကူ Print ထုတ်လိုရနိုင်ပါတယ်။

စမ်းသပ်ဖိုအတွက်တင်ပေးတာဖြစ်ပြီး
ရေရှည်အသုံးပြုလိုရမှာတော့မဟုတ်ပါဘူး။

App Release ထပ်ထွက်လာရင်တော့
ရောင်းချမယ့်စျေးနှုန်းလေးနဲ့တကွ post ထပ်တင်ပေးပါမည်။

( မှတ်ချက်။ ။ TP Link သည် ruijie လိုမဟုတ်ပဲ
login username pass မှားရင် ၅ ခါမှားတာနဲ့ ၁၀ မိနစ် lock ချခံရပါတယ်။ ထိုအတွက် မိမိတို အကောင့်မှန်ကန်အောင်ရိုက်ထည့်ပြီးမှသာ ဝင်သုံးဖိုအကြုံပြုပါတယ်။ )


🎬 Video နမူနာကို
https://t.me/ruijievouchermanager/256 မှာဝင်ရောက်ကြည့်နိုင်ပါသည်။

🛑 Ruijie Voucher Manager ( Time Code Manager ) ဝယ်ယူလိုပါက
https://t.me/ruijievouchermanager/91


❗️❗️❗️❗️
🔄🔄🔄🔄
- စတားလင့် ဘေဆောင်လိုပါက
https://t.me/starlinkbillmm
( ကျွန်တော်တို့နား လစဉ်ဘေဆောင်နေတဲ့သူတွေအနေနဲ့က
နောက်ပိုင်း App update တွေမှာ
အသုံးဝင်တဲ့ feature အသစ်တွေကို သီးသန့်သုံးခွင့်ရမှာပဲဖြစ်ပါတယ်။ )
omada_voucher_manager.apk
1.9 MB
Printer + App တွဲရက် ( ဒါမှမဟုတ် )
Application သီးသန့် ဝယ်သုံးထားတဲ့သူတွေအတွက်
Ruijie Voucher Manager App နဲ့ပါတ်သက်တာတွေ၊ အခြား အကြောင်းအရာတွေနဲ့
Ruijie နဲ့သက်ဆိုင်တဲ့ အခက်ခဲတစ်ချို့ကို ဖြေရှင်းပေးနိုင်ဖို့အတွက်
Group တစ်ခုလုပ်ပေးထားပါတယ်။
ဒီမှာဝင်ရောက် Join နိုင်ပါသည်။
https://www.facebook.com/groups/ruijievouchermanagergroup
( App ဝယ်သုံးထားတာ သေချာဖို့အတွက် ruijie voucher manager ( time code manager ) မှာဝင်သုံးနေတဲ့ ruijie cloud account email လေး member question မှာ ဖြည့်ပေးပြီး Join Request ပို့ပေးထားပါခင်ဗျ။
ကျွန်တောတို့ စစ်ဆေးပြီး Approved လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျ။ )
#ruijieVoucherManager #timeCodeManager
Gateway တစ်ခုပဲ Online ဖြစ်ပြီး
ကျန်တဲ့ Gateway အောက်က AP တွေ အကုန် Offline ဖြစ်သွားပြီး
Client List မပေါ်တော့တဲ့ project လေး။

ကျွန်တော်တို့ App ကို ဝယ်သုံးထားတာရယ်
ကျွန်တော်တို့လည်း အချိန်ပိုနေတာနဲ့ ကြုံကြိုက်တုန်း
Project ထဲဝင်ပြီး လိုအပ်တာ ကူညီပေးလိုက်ပါတယ်။

အခုတော့ AP တွေ Online ဖြစ်လာပြီး Client List လည်းပြန်ပေါ်သွားပါပြီ။


#ruijieVoucherManager
#timeCodeManager
ဒီတစ်ခေါက် Update ရဲ့
Connected Devices ထဲမှာ
အရင် Version အဟောင်းထဲကလို
Wireless နဲ့ Wired ဆိုတာကို ပြန်ပြီးတော့ ခွဲပြပေးထားပါတယ်။

ပြီးတော့ Voucher နဲ့ သုံးနေတဲ့ Devices တွေမှာလည်း
Voucher Code ကို စတင်သုံးတဲ့ အချိန်နဲ့
Expired ဖြစ်မယ့်အချိန်ကိုလည်း ပိုပြီးရှငိးသွားအောင်
Date ရယ် / နာရီအတွက် AM/PM တွေ ပါဝင်လာပါမည်။

Update မှာ ပြောင်းလဲလာမယ့်
နောက် feature တွေကိုလည်း
Post တွေထပ်တင်ပေးသွားပါမည်။

App Update က လကုန်လောက်မှာ ထွက်ရှိလာပါမည်။

#ruijieVoucherManager
#timeCodeManager
လက်ရှိ ကျွန်တော်တို့ Page ကနေ ထပ်ဝယ်လို့ရဦးမည့်
Printer + App တွဲရက် ၃၂၀,၀၀၀ တန်လေးပါ။
အရေအတွက် အနည်းငယ်ပဲ ရှိပါတော့မယ်။
ဒီ Printer အတွက်
၁၀ လုံးအထက် တစ်ခါတည်းယူမည့်သူတွေ အများစျေးတစ်ခု သီးသန့်လုပ်ပေးထားပါတယ်။
ပြီးတော့ ကျွန်‌တော်တို့ နား တိုက်ရိုက်မှာယူထားတဲ့ Printer + App ( Account ) တွေအနေနဲ့
အခြား Printer တွေနဲ့လည်း ချိတ်လို့မရအောင် Limit တွေမရှိထားပါဘူး။
( လကုန်ပိုင်းမှာ update ထွက်မည့် version အသစ်တွင်
update မထွက်ခင်အထိ ကာလအတွင်း ဝယ်ယူထားတဲ့ App သီးသန့်ပိုင်ရှင်တွေနဲ့ အရင်အကောင့်ဟောင့်ပိုင်ရှင်တွေက လွဲပြီး
နောက်မှ ဝယ်တဲ့သူတွေအနေနဲ့
အပြင်က Printer တွေနဲ့ ချိတ်သုံးလို့ရမှာမဟုတ်တော့ပါဘူးဆိုတာ
ကြိုတင်အသိပေးလိုက်ရပါတယ်ခင်ဗျ။ )
အိမ်ရောက်ငွေချေ COD မရသေးပါ။
ကားဂိတ်တွေကိုသာ ဦးစားပေးပို့ပေးပါသည်။
( ကားဆရာအချိတ်အဆက်နှင့် ကားဆရာထံသွားပို့တာမျိုးတွေလည်း မရနိုင်သေးပါ။ )
#ruijieVoucherManager
Ruijie Voucher Manager ပြီးတော့
နောက်ထပ်တောင်းဆိုထားကြတဲ့
TP Link Omada Voucher Manager လေး ထပ်လာပါမည်။

#ruijieVoucherManager
Media is too big
VIEW IN TELEGRAM
မင်္ဂလာပါ။
ကျွန်တော်တို့ Ruijie Voucher Manager ( Time Code Manager ) နှင့် Printer တွဲရက်ကို မြို့နယ်အလိုက် ဝယ်ယူရရှိနိုင်မည့်
Reseller တွေရဲ့
- ဆိုင်လိပ်စာ
- Account
- Facebook Page များကို ယခု Post မှာ စုစည်းပြီး တင်ပေးသွားဖို့ရှိပါတယ်။
ဒါကြောင့် ကျွန်တော်တို့ Page ကနေ
အရေအတွက်များများ Order ယူပြီး
တစ်ဖက်မှာ တစ်ဆင့် ပြန်လည်ရောင်းချနေသူများ အနေဖြင့်
ယခု Post မှာ ဆက်သွယ်ရမည့် လိပ်စာများထည့်ထားလိုပါက
ကျွန်တော်တို့ Page Message ကနေ ပြောနိုင်ပါတယ်ခင်ဗျ။
အားလုံးကိုကျေးဇူးတင်လျက်
---------------
https://www.facebook.com/share/p/16VLNUqr9S/
#ruijievouchermanager
ဒီတစ်ခေါက်ထွက်လာမယ့်
Ruijie Voucher Manager ( Time Code Manager ) Update မှာ

- ကျွန်တော်တို့နဲ့ လက်တွဲထားတဲ့ Printer Distributor တွေထံက Printer တွေနဲ့

- ကျွန်တော်တို့ Page ကနေ တိုက်ရိုက်မှာယူတဲ့ Printer တွေနဲ့ပဲ
App နဲ့ တွဲသုံးလို့ရတော့မှာဖြစ်ပါတယ်။


***

လက်ရှိ App Update မထွက်ခင်ကာလအထိ Activate လုပ် ( App ဝယ်တဲ့သူ ) တွေကတော့ မည်သည့် Printer နဲ့မဆို ချိတ်သုံးလို့ရနေမှာပါ။

***


App Update ထွက်ပြီး နောက်ပိုင်း Activate လုပ်တဲ့ account တွေကတော့
အခြားနေရာက ဝယ်ယူထားတဲ့Printer တွေနဲ့
ချိတ်ဆက်သုံးလို့ရနိုင်မှာ မဟုတ်တော့ဘူးဆိုတဲ့ အကြောင်း
ကြိုတင် အသိပေးလိုက်ရပါတယ်ခင်ဗျ။

( အရင်ဝယ်ထားတဲ့သူတွေကတော့
Printer Limit မရှိပါဘူး။ ကြိုက်တဲ့ Printer နဲ့ ချိတ်ချိတ် စိတ်ကြိုက်သုံးလို့ရပါတယ် )


ကျေးဇူးတင်လျက်
#ruijieVoucherManager
Voucher Code အသစ်တွေ Generate လုပ်လို့မရတော့ပဲ
5,000 Limit Error ပြနေတယ်ဆိုရင်
မသုံးထားသေးတဲ့ Voucher တွေ 5000 ကျော်နေပြီလားစစ်ကြည့်ပါ။

အကယ်လို့ မသုံးထားသေးတဲ့ Voucher တွေ 5000 ကျော်နေပြီဆိုရင်တော့
5000 အောက်ရောက်အောင် ဖျက်ပြီးမှ ကုဒ်အသစ်တွေ ထပ်ထုတ်လို့ရမှာဖြစ်ပါတယ်။

ဖုန်းနဲ့ဆိုရင်တော့ တစ်ခုစီပဲဖျက်လို့ရတော့ အချိန်တော်တော်ပေးရပါတယ်။
ကွန်ပျူတာရှိတဲ့သူတွေကတော့ ruijie cloud web ကနေ select အများကြီးလုပ်ပြီး ဖျက်လို့ရပါတယ်။

ကျွန်တော်တို့ Time Code Manager ( Ruijie Voucher Manager ) update မှာလည်း
အများကြီးတစ်ခါတည်းဖျက်လို့ရအောင် ထည့်ပေးလာမှာပါ။

လက်တလော App update မထွက်ခင် အခုလိုမျိုး ကြုံနေရလို့ ဖျက်ဖို့မလွယ်ရင်
ကျွန်တော်တို့ကို Ruijie Account ပို့ပေးပါ။
ကျွန်တော်တို့ ကူညီပြီး ဖျက်ပေးပါမည်။
အဲ့အတွက်လည်း အခကြေးငွေပေးစရာမလိုပါ။
( ကျွန်တော်တို့ Time Code Manager ( Ruijie Voucher Manager ) ဝယ်သုံးထားတဲ့သူတော့ဖြစ်ရပါမယ်။ ဒါမှမဟုတ် ဘေဆောင်နေကြဆိုရင်လည်း ကူညီပေးပါမည်။ )

#ruijieVoucherManager
Voucher ထုတ်တဲ့ Printer လေးတွေ ပစ္စည်းပြတ်နေတုန်းလေး
Printer နဲ့ တွဲသုံးရတဲ့ စက္ကူလိပ်လေးတွေတော့
ပစ္စည်းရှိပြီး ဝယ်လို့ရပါသေးတယ်ဆိုတဲ့အကြောင်းလေး
Post တင်ပါရစေ။

ကျွန်တော့်တို့နားမှာ

- စက္ကူလိပ် ၁ လိပ်ကို ၁၅၀၀ ကျပ်

- စက္ကူလိပ် ၁ ဖာ ( အလိပ် ၁၀၀ ပါ ) ကို ၁၂၀,၀၀၀ ကျပ်ဖြင့်

ဝယ်ယူရရှိနိုင်ပါသည်။


Printer Order မှာထားတဲ့သူများအတွက်လည်း
Printer လေးတွေ ပစ္စည်းထပ်ရောက်တာနဲ့ Order လေးတွေ ပို့ပေးပါမယ်ဗျ။

လောလောဆယ်မှာတော့
- Application သီးသန့်ရယ်
- စက္ကူလိပ်ရယ်ပဲ ဝယ်လို့ရပါဦးမယ်ခင်ဗျ။


#ruijieVoucherManager
#timeCodeManager
Back to Top